စစ်ကောင်စီကိုပိုက်ဆံပေးပြီး လောင်းကစားဒိုင်ဖွင့်ထားသူတဦး ရှင်းလင်းခံရ

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့မကုန်းရပ်ကွက်၊ သုဝဏ္ဏရပ်မှာနေတဲ့ လောင်းကစားဒိုင်လုပ်နေသူ အမျိုးသားတဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံကတဆင့်သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်မနေ့ကနေ့လည် ၁ နာရီခန့်က မျက်နှာဖုံးစွပ်နဲ့ လက်လုပ်သေနတ်တချို့ကိုင်ဆောင်ထားတဲ့ လူတစုကရောက်လာပြီး သေနတ်နဲ့ပစ်သတ်သွားတာလို့ အမည်မဖော်လိုသူ အမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

“သူက တော်တော်လေးအနံ့ထွက်နေတာ။ စခတွေနဲ့ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစား အကြီးကျယ်လုပ်နေတာ။ ဂျင်ဝိုင်းထောင်ထားတယ်၊ လောင်းကစားတွေက အခုမှမဟုတ်ဘူး ဟိုးအရင်ထဲကဆရာကြီး၊ စခတွေနဲ့ပေါင်းစားပြီး ခုကပိုဆိုးလာတာလေ။ ကောလင်းမှာ စခတွေနဲ့မပတ်သက်ရင် ဖဲတောင်မရိုက်ရဲဘူး”လို့ ပြောပါတယ်။

ပစ်ခတ်ခံရလို့ နာမည်ကြီးလောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ဦးတင့်ကို အသက် ၅၅ နှစ်သေဆုံးခဲ့ပြီး၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့လဲဆိုတာတော့ မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ကောလင်းမြို့ပေါ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားနဲ့ မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်သူတွေပေါများလာပြီး၊ စစ်ကောင်စီကို လိုင်းကြေးပေးပြီး ပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေကြတာတွေ ရှိသလို၊ ရဲဝန်ထမ်းတွေကိုယ်တိုင်ပါဝင်တဲ့ လောင်းကစားဝိုင်းတွေလည်းရှိတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်ကလည်း ကောလင်းမြို့နယ်၊ ဗျူဟာလမ်းပိုင်းတနေရာမှာ ဘိန်းဖြူတွေနဲ့အတူ မူးယစ်ဆေးအကြီးကျယ်ရောင်းနေတဲ့ လုပ်ငန်းရှင်တဦးကို ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။