26 July 2026 10:08 PM

စစ်ကိုင်းမှာ အမျိုးသားတဦး နေအိမ်မှာ ပစ်သတ်ခံရ

0 6
0 6

စစ်ကိုင်း၊ ဖေ‌ဖော်ဝါရီ ၂၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြောက်ဘော်ဂါရပ်ကွက်ကနေအိမ်မှာ အမျိုးသားတဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဖြစ်စဉ်ကိုသိထားတဲ့ဒေသခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုကိုဦး (ခ) ကမ္ဘာစိုးဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီကျော်မှာ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစုက လာရောက်ပစ်သတ်သွားတာ လို့ဆိုပါတယ်။

“ဆိုင်ကယ် ၂ စီး လူ ၄ ယောက်ဝင်လာပြီးတော့ နာမည်တောင်မခေါ်ဘူး။ သူ့ကိုလူတွေ အများကြီးကြားထဲက ကျောက်သမားတွေဆိုတော့ ကျောက်စီတာ ကျောက်ဖြန့်တာ လုပ်နေတဲ့ကြားက သူကထမင်းစားနေတာ။ သူ့ကိုရွေးပစ်သွားတာ။”လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရတာကြောင့် ညာဘက်ရင်အုံ၊ ဘယ်ဘက်ချိုင်းအောက်တို့မှာ စုစုပေါင်းကျည်ထိဒဏ်ရာ ၈ ချက်ဝန်းကျင်ရပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး အလောင်းကိုစစ်ဆေးကာ စစ်ကိုင်းဆေးရုံကို ယူဆောင်သွာတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောဆိုချက်အရ သေဆုံးသူအမျိုးသားဟာ သူမသေဆုံးခင်တပတ်ခန့်အလိုလောက်က PDF အဖွဲ့တွေကို စိန်ခေါ်ပြောဆိုမှုတွေရှိနေပြီး စစ်ကောင်စီ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ပတ်သက်မှု ရှိ မရှိတော့ မသိရဘူးလို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့အစည်းတွေဘက်က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၀ ကလည်း စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြို့မှာ မင်းကွန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မြင့်လွင် နေအိမ်မှာပစ်သတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။