စစ်ကောင်စီက မြောက်ဦးဈေးထဲ၌ မိုင်းရှာနေစဉ် နန်းတော်ယာကုန်းအနီးတွင် မိုင်းပေါက်ကွဲ

0 1
0 1

မြေလတ်အသံ၊ စက်တင်ဘာ ၆၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မဈေးထဲ၌ စစ်ကောင်စီနှင့်ရဲများက မိုင်းရှာနေစဉ် ယနေ့စက်တင်ဘာ ၆ရက် နံနက် ၉နာရီကျော်အချိန်ခန့်တွင် နန်းတော်ယာကုန်းအနီးတွင် မိုင်းတလုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

မိုင်းပေါက်ကွဲသည့်နေရာသည် စစ်ကောင်စီမိုင်းရှာနေသော မြောက်ဦးစျေးနှင့် အလှမ်းဝေးသော နန်းတော်ယာကုန်း အနီးရှိ မြောက်ဦးဆေးရုံဟောင်းနားတွင် ဖြစ်သည်ဟု မြို့ခံအမျိုးသားတဦးက မြေလတ်အသံ ကိုပြောသည်။

“လက်နက်ကြီးကျတာမဟုတ်ဘူး။ မိုင်းပေါက်တာ လို့သိရတယ်။ အသံကအရမ်းကျယ်တယ်။ မြို့ထဲမှာက မိုးလင်းကတည်းက လမ်းသွားလမ်း လာတွေသိပ်မရှိဘူး။ စစ်သားနဲ့ရဲတွေကတော့ ဈေးတခုလုံးကို အင်အားအပြည့်နဲ့နေရာယူထားတယ်။”ဟုဆိုသည်။

မြောက်ဦးစျေး ပိတ်ထားရတာကြောင့် လက်ရှိတွင် မြောက်ဦးမြို့သူ၊ သားများမှာ ဟင်း သီး၊ဟင်းရွက်များဝယ်ရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

“ဒီနေ့ ထမင်းတောင် ဘာနဲ့စားရမလဲမသိဘူး။ ဈေးမှ မရောင်းရတာ စစ်သားတွေက။ မြောက်ဦးက ချိန်ကိုက်ဗုံးတလုံးလို အရမ်းစိုးရိမ်ရတဲ့အနေအထားဖြစ်နေပါတယ်။”ဟုဆိုသည်။

ယမန်နေ့စက်တင်ဘာ ၅ရက်နေ့တွင် စစ်ကောင်စီ က မြို့မဈေးကြီးထဲ၌မိုင်းရှိသညါဟုဆိုကာ ဈေးကို ပိတ်ပစ်ခဲ့ပြီး လုံခြုံရေးအင်အား‌ကို ဈေးတခုလုံးအပြည့်ချထားလိုက်သည်ဟု မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီက ယခုလိုဈေးကိုပိတ်လိုက်ခြင်းမှာ ၎င်းတို့အနေဖြင့် ပြည်သူလူထုအား အငတ်ဘေး ဆိုက်အောင် ဈေးကိုမီးရှို့ရန်ကြံစည်နေခြင်းဖြစ် သည်ဟု ယမန်‌ေန့စက်တင်ဘာ ၅ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။