myaelatt athan

Sharing Information to the Local

ရခိုင်ကမ်းရိုးတန်းအနီးတွင် အားကောင်းသောလေပွေလှိုင်းတခုဖြစ်ပေါ်နေသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်

0
0

မြေလတ်အသံ၊ သြဂုတ် ၁၈၊ ၂၀၂၂။

ယနေ့သြဂုတ် ၁၈ရက် မြန်မာစံတော်ချိန် (၀၅: ၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် အားကောင်းသောလေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေသဖြင့် ဒေသအလိုက်နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်သည်ဟု ထုတ်ပြန်ချက် အရသိရသည်။

ယင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှာလည်း ယနေ့မှစတင်ကာ တရက် ၂ကြိမ်ပြေးဆွဲမှုကို ၁ကြိမ်သာ ပြေးဆွဲနေရသည်ဟု ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“ဒီနေ့ဆိုရင် စစ်တွေက မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့‌တွေကို နံနက်တကြိမ်ပဲထွက်တော့တယ်။ နေ့ခင်းဖက်သားအချိန် မထွက်တော့ဘူး။ ပြီးတော့ ဒီနေ့ဆိုရင် တောင်ကုတ်၊ ကျောက်ဖြူမြို့တွေကို ပြေးဆွဲတာရပ်လိုက်တယ်။ စနေ့နေ့ကျမှဘဲ ရာသီဥတုအခြေအနေအရ ပြေးဆွဲမယ်။”ဟုဆိုသည်။

ယင်းအပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တ ရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာ ယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေ ထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေ ကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း သတိပြုနိုင်ပါရန်လည်း တိုက်တွန်းထားသည်။

မြောက်ဦးမြို့နယ်၊ကန့်သရီကျေးရွာမှ ဒေသခံတဦးက”အခုကတော့ မိုးမရွာသေးဘူး။ဒါပေမဲ့ တောင်ဖက်အရပ်က လေပြင်းတိုက်ခတ်နေတယ်။ ကောင်းကင်ကလည်း တိမ်မဲတွေပြည့်နေပါတယ်။ မိုးသဲသဲမဲမဲရွာမယ့် ပုံစံဖြစ်နေပါတယ်” ဟု ဆိုသည်။

အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ သြဂုတ် ၂၀ရက်နေ့အတွင်း နေပြည် တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဟု သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ရက်နေ့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ရန်ကုန် တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့တွင် ရေ၅ပေခန့်နစ်မြုပ်ခဲ့သည်ဟု မြို့ခံများကပြောဆိုကြသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။