myaelatt athan

Sharing Information to the Local

သားဖြစ်သူကို မတွေ့လို့ အသက်၇၀ကျော်အဖေဖြစ်သူကိုဖမ်းပြီး နေအိမ်ကိုချိတ်ပိတ်

0
0

မကွေး၊ သြဂုတ် ၁၇၊ ၂၀၂၂။

မကွေးတိုင်း၊ မြို့သစ်မြို့မှာ စစ်ကောင်စီက သားဖြစ်သူကို ရှာမတွေ့လို့ အသက် ၇၄ နှစ်အရွယ် အဖေဖြစ်သူကို ဖမ်းသွားပြီး နေအိမ်ကို ချိတ်ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက် ညနေပိုင်းမှာ မြို့သစ်မြို့ လယ်ပြင်ရပ်ကွက်က အိမ်တလုံးနဲ့ ပြင်လယ်တော မှာရှိတဲ့ နေအိမ်ကိုပါချိတ်ပိတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” သူတို့က သားဖြစ်သူကို PDF အဖွဲ့ထဲကဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ၊ မြို့သစ်ရဲစခန်းကို ဖမ်းသွားတယ်လို့ပဲ သိရတယ် ကျန်တာတော့ ဘာမှမသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းခံလိုက်ရတဲ့ အသက် ၇၄ နှစ်အရွယ် ဦးတင်ရွှေဟာ စီးပွားစီမံလက်ထောက်ညွှန်ကြားရေးမှူး( ငြိမ်း) ဖြစ်သလို တစည ပါတီရဲ့ ၂၀၂၀ မှာ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၃ရက်မြောက်တဲ့ အထိ အဆက်အသွယ်မရသေးတဲ့ ဦးတင်ရွှေဟာ အသက်ရွယ်အားဖြင့် ကြီးရင့်နေသူဖြစ်တာကြောင့် ကျန်းမာရေးအခြေ အနေကို မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။