myaelatt athan

Sharing Information to the Local

ပေါက်ခေါင်းမြို့ပေါ်မှာ စစ်ဘေးရှောင်တွေရှိမရှိ စစ်ကောင်စီက ရှာဖွေစစ်မေးမှုတွေလုပ်နေ

0
0

ပဲခူး၊ ဇွန် ၂၂၊ ၂၀၂၂။

ပြည်ခရိုင်၊ ပေါင်ခေါင်းမြို့ပေါ်မှာ ပဲခူးရိုးမအစပ်က စစ်ဘေးရှောင်တွေ ရောက်ရှိခိုလှုံနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်တွေက ရှာဖွေမေးမြန်းစစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကတည်းက အဲဒီသတင်းတွေကြောင့် လိုက်လံရှာဖွေစစ်မေးတာတွေ လုပ်နေကြပြီး ပေါက်ခေါင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်နယ်ခြား ပဲခူးရိုးမအခြေ ရုပ်စိုင်ကျေးရွာက စစ်ဘေးရှောင်တွေ ရောက်ရှိနေတယ်လို့လည်းဆိုကြပါတယ်။

“ဘုန်းကြီးကျောင်းတို့ သတင်းရတယ်ဆိုတဲ့ အိမ်တွေကို စစ်ကားတွေနဲ့ လာမေးကြတယ်ကြားတယ်။ အိမ်ရှင်တွေစစ်ဆေးခံနေရတယ်။” လို့ မြို့ခံတဦးကဆိုပါတယ်။

ရုပ်စိုင်ရွာမှာ PDF တွေရောက်ရှိခိုလှုံနေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကြောင်းထိုးခံရတာ၊ မီးရှို့ခံနေရတာတွေရှိခဲ့ပြီး ဒေသခံတွေက တောထဲမှာ ခိုလှုံနေကြရာက မိုးရာသီဒဏ်နဲ့ အစားအစာရှားပါးလာတဲ့ဒဏ်တွေကြောင့် မြို့တွေပေါ်က အမျိုးအဆွေတွေဆီကို ရောက်လာတာ ဘုန်းတော်ကြီးကျောင်းတွေကို ခွင့်တောင်းခိုလှုံခွင့်တောင်းခံတာတွေ ရှိလာတယ်လို့ လည်း မြို့ခံတွေက ပြောပါတယ်။

တဖက်မှာလည်း “ရုပ်စိုင်ရွာက တာဝန်ရှိသူတွေက အတင်းပြန်ခေါ်နေတယ်လို့ကြားတယ်။ ပြန်မလာတဲ့သူတွေကိုလည်း အကြမ်းဖက်တို့ PDF တို့ ဆက်နွယ်နေတဲ့သူတွေဆိုပြီး သတ်မှတ်မယ်လည်း ပြောနေတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပဲခူးရိုးမအစပ် ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက တပ်စွဲတာတွေ စစ်ဆေးတာတွေရှိနေတာကြောင့် ဒေသခံတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။