မန္တလေးက ငလျင်ဒဏ်ထိအဆောက်အဦပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

0 5
0 5

မန္တလေး၊ မေ ၃၁၊ ၂၀၂၅။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ မေ ၃၁ ရက် ဒီညနေက ငလျင်ဒဏ်သင့်အဆောက်အဦပြိုကျပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒီညနေ ၆ နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနဲ့ လမ်း‌ ‌၆၀ ထောင့်ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးနေတဲ့ အဆောက်အဦကိုဖြိုဖျက်နေချိန် ပြိုကျခဲ့တာကြောင့် အမျိုးသား ၂ ဦးကိုပိပြီး ၁ ဦးက သေဆုံးခဲ့တာလို့ဆိုပါတယ်။

“အပေါ်ကနေ ဖြိုချနေရင်းပြိုကျပြီး ပိတဲ့အထဲပါသွားတာလို့ သိရတယ်။ ည ပိမိပြီး ကယ်ထုတ်ဖို့ ကြိုးစားနေရင်း သေသွားတာလို့သိရပါတယ်။”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ပြိုကျပြီးနောက် မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေရောက်လာပြီး ရှင်းလင်းရေးတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ မနေ့ကနေ့လယ် ၁ နာရီ ခွဲလောက်မှာလည်း ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၈၆လမ်းနဲ့ ၈၇ လမ်းကြားက ငလျင်ဒဏ်ထိထားတဲ့တိုက်ကိုဖြိုရာကနေ စလစ်ပြင်ပြိုကျပြီး အလုပ်သမား ၂ ဦး ခြေထောက်ပိကာ ဒဏ်ရာရခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။