myaelatt athan

Sharing Information to the Local

KTV မှာ ဗိုလ် ၁ ဦးမူးနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ခဲယမ်းတွေယူကာ ဘက်ပြောင်းခိုလှုံ

ပခုက္ကူ၊ မတ် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဖေဖော်ဝါရီ ၂၈ ရက်က ဘက်ပြောင်းခိုလှုံလာတယ်လို့ Burma Revolution Rangers ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ပိုင်သူထွန်း ၂၇ နှစ်နဲ့ ဖြူးမြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ဘိုရဲ ၂၅ နှစ်တို့ဖြစ်ပြီး သူတို့ ၂ ဦးဟာ တောင်ကြီးမြို့၊ ဟိုပုံးမှာ စစ်သင်တန်း ၃ လကြာတက်ခဲ့ကြပြီးနောက် ပခုက္ကူမြို့၊ တပ်မ ၁၀၁ ကို ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့က မဟာမိတ်အဖွဲ့ကိုချိတ်တာ ကျနော်တို့က ရှေ့ဆုံးနေရာမှာ သူတို့ကိုသွားခေါ်ပေးခဲ့တာ။ သူတို့က ပခုက္ကူ တပ်မ ၁၀၁ က ၂ ပွင့် ဗိုလ် ၁ ဦးနဲ့ ၁၀၁ တပ်နားက KTV ၁ ခုကိုသွားတာ။ အဲ့ဒီ ၂ ပွင့်ဗိုလ် မူးနေတဲ့အချိန် အစကတော့ သူတို့ကသတ်ပြီးပြေးမလို့တဲ့။ နောက်ထပ် သူ့ကောင်တွေရောက်လာတော့ သတ်လို့မရတာနဲ့ သူ့ဆီမှာရှိတဲ့လက်နက်ခဲယမ်းတွေယူပြီးတော့ ထွက်ပြေးလာတာ။” လို့ Burma Revolution Rangers ရဲဘော်ဒီမိုက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ၂ ဦးဟာ စစ်ကောင်စီကိုကြိုက်နှစ်သက်ခြင်းမရှိခဲ့ဘဲ အဓမ္မဖမ်းဆီးခံရတာကြောင့်သာ စစ်မှုထမ်းခဲ့ရကာ အခွင့်သာတဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ပြီး ထွက်ပြေးလာခဲ့ကြပါတယ်။

သူတို့နဲ့အတူ 5.56 ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ MA ကျည်ဘောက် ၃ ခု၊ နင်းမိုင်းအသေး ၁လုံး ပါလာတယ်လို့ရဲဘော်ဒီမိုက ဆက်ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူနယ်အခြေစိုက်တပ်ဖွဲ့ Burma Revolution Rangersအဖွဲ့ဆီ ဘက်ပြောင်းခိုလှုံ့လာသူ ၆ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။