စက်သုံးဆီပေပါတွေ လှယ်နေချိန် မီးထလောင်လို့ သိန်း ၂,၀၀၀ ကျော် ဆုံးရှုံး ၁ ဦး ဒဏ်ရာရ

0 1
0 1

အင်းတော်၊ မတ် ၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူး-နန့်စီးအောင် လမ်းပိုင်းမှာရှိတဲ့ ဆီခြံ ၁ ခြံမှာ စက်သုံးဆီ ပေပါတွေလှယ်နေချိန် မီးထလောင်တာကြောင့် ဆီပေပါတွေနဲ့ ကား ၁ စီး မီးလောင်ခဲ့သလို အနီးနားမှာရှိနေတဲ့ ပြည်သူ ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၅ ရက် မနေ့ နေလယ် ၁ နာရီခန့်က မီးစလောင်ခဲ့တာဖြစ်ပြီး ၂ နာရီခွဲလောက်မှာတော့ မီးညွန့်ကျိုးပြီး မီးငြှိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆီလှယ်နေရင်းနဲ့ လောင်တာ၊ ပုံမှန် ဒီဇယ်ဆိုရင် ဘာမှမဖြစ်ဘူး၊ ခုက ဓာတ်ဆီဖြစ်နေတော့ မီးလောင်လွယ်တယ်လေ၊ ပေပါတွေကလည်း ပူနေတော့ နေ့ခင်း နေအရမ်းကြီးပူနေတဲ့ အချိန်မှာ ဆီလှယ်လိုက်တဲ့အခါမှာ မီးထတောက်ပြီး လောင်တာ၊ လူ ၁ ယောက်ထိတယ် မစိုးရိမ်ရဘူး။”လို့ မော်လူးဒေသခံတဦးက ပြောပါတယ်။

စက်သုံးဆီပေပါ ၁ လုံးကို ၁၄ သိန်းခန့် ပေါက်ဈေးရှိပြီး မီးလောင်မှုကြောင့် ဆီပေပါ အလုံး ၂၀ ဆုံးရှုံးခဲ့သလို ကာလတန်ဖိုး ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်ရှိတဲ့ ၁၂ ဘီးကား ၁ စီး လည်း မီးလောင်ခဲ့တာကြောင့် စုစုပေါင်း ကျပ်သိန်း ၂,၀၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း အင်းတော်မြို့နယ်၊ နဘားရွာက နဘားဈေးကြီး ထက်ဝက်ကျော် မီးလောင်ပြီး တန်ဖိုးငွေ ကျပ်သိန်း ၁,၀၀၀ ကျော်ခန့် ဆုံးရှုံးခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။