27 July 2026 1:30 AM

ရဲက အဲကွန်း ပြင်ချင်လို့ဆိုကာ လိမ်ခေါ်ပြီး ရဲစခန်းရောက်မှ ဖမ်းဆီး

0 2
0 2

ပဲခူး၊ ဧပြီ ၂၁၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မရဲစခန်းက ဧပြီ ၂၀ ရက် မနေ့ နေ့လည်ပိုင်းက အဲကွန်းပြင်သူတဦးကို အဲကွန်းပြင်ချင်လို့ဟုဆိုကာ လိမ်လည်ခေါ်ယူပြီး ရဲစခန်းအရောက်မှာ ဖမ်းဆီးထားခဲ့ပါတယ်။

အဲကွန်းပြင်ဆင်သူမှာ ရန်ကုန်-ပြည်လမ်း အထက်တန်းကျောင်းရှေ့က အသက် ၅၅ နှစ်အရွယ် ဦးရဲလေး(ခ)ဦးရဲထွဋ် ဆိုသူဖြစ်ပါတယ်။

“ရဲက သူ့အိမ်ကို လာတယ်။ အဲယားကွန်း ပြင်ချင်လို့ ပြောတယ်။ မီးပျက်နေတော့ ကိုရဲလေးက မီးလာမှ လာမယ် ပြောပြီး၊ မီးလာတော့ သွားတယ်​။ အဲမှာ ဖမ်းထားလိုက်တာ” လို့ ရဲနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးရဲလေးဟာ အဲကွန်းပြင်တဲ့ အလုပ်နဲ့ အသက်မွေးနေသူဖြစ်ပြီး ယခင်ကလည်း မီးပွိုင့်
ပျက်တဲ့အခါတွေမှာ သွားရောက်ပြုပြင်ပေးတာမျိုးတွေ ရှိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း သူ့အိမ်ကို ရဲကလာရောက် မေးမြန်းတာမျိုးတွေ ရှိခဲ့ဘူးပါတယ်။

အခုချိန်အထိ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးသလို ပေါင်းတည်ရဲစခန်းကနေ တခြားနေရာကို ခေါ်ဆောင်သွားတယ်လို့သိရပြီး လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သူ့မိသားစုနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။