စစ်ကောင်စီက မကွေးတိုင်းမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်

0 1
0 1

မကွေး၊ မတ် ၂၂၊ ၂၀၂၂။

မကွေးတိုင်းက မြို့နယ်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄အရ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ဒီနေ့ ညဦးပိုင်းမှာ စစ်ကောင်စီ လိုက်ကြေညာခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

မကွေးမြို့မှာတော့ ကားနဲ့ လိုက်အော်ခဲ့တာဖြစ်ပြီး စလင်းမြို့နဲ့ မင်းဘူး(စကု) မြို့နယ် အတွက်ကတော့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်တွေမှာ အများပြည်သူလုံခြုံရေး တရာဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား‌ ပြုမူဆောင်ရွက်နေခြင်းများ တွေ့ရှိရလို့ ၅ယောက်နဲ့ ၅ယောက်ထက်ပိုပြီး လူမစုဖို့နဲ့ ည ၁၂နာရီကနေ မနက် ၄နာရီ အထိ ညမထွက်ရအမိန့်ထုတ်ဆင့်လိုက်တယ်လို့ ‌ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။