ပြည်မြို့က ကျဆုံးသွားတဲ့ လူငယ် ၂ ဦးရဲ့ အုတ်ဂူမှာ ပန်းခွေချလို့ မီးသင်္ဂြိုလ်စက်ဝန်ထမ်းကို စစ်ကောင်စီဖမ်းဆီး

0 1
0 1

ပဲခူး၊ မတ် ၁၄၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ကျဆုံးခဲ့တဲ့ လူငယ်၂ဦးရဲ့ ၁နှစ် အထိမ်းအမှတ် ပန်းခွေ ချတာနဲ့ ပတ်သက်ပြီး ‌အေးငြိမ်းရာ သုဿန်က မီးသင်္ဂြိုဟ်စက်ဝန်ထမ်းကို စစ်ကောင်စီက ခေါ်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

မတ်လ ၁၃ရက် မနေ့က မနက်ပိုင်း ပန်းခွေချပြီးနောက်ပိုင်းမှာ အရပ်ဝတ်နဲ့ ခြံကြည့်ဖို့ ဆိုပြီးလာခေါ်သွားတာဖြစ်ပြီး ဆိုင်ကယ်အယူမခံပဲ ပြန်ပို့ပေးမယ်ပြောကာ ကားပေါ်တင်ခေါ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးပဲ ပြည်မြို့ ဒကစ မှာလို့ ပြောဆိုနေကြပေမယ့် မြေလတ်အသံအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့က စစ်ကောင်စီ ဖမ်းခေါ်သွားတဲ့ မီးသင်္ဂြိုလ်စက် စည်ပင်ဝန်ထမ်း ကိုထွန်းထွန်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၉ရက်က ပြည်မြို့မှာ ကိုဗစ် ၁၉ကြောင့် သေဆုံးခဲ့တဲ့ လူနာအမှတ် ၁၇ ကို ကူညီမီးသင်္ဂြိုလ်ပေးခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။