အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်မယ်လို့ သတင်းထွက်ပြီး ပြည်မြို့မှာ အရင်ရက်တွေထက် လုံခြုံရေး ပိုတင်းကြပ်ထား

0 4
0 4

ပဲခူး၊ မတ် ၄၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့မှာ အရင်ရက်တွေနဲ့မတူပဲ လုံခြုံရေး ပိုပြီးတင်းကြပ်နေတယ်လို့ ပြည်မြို့ခံတွေဆီက သိရပါတယ်။

ပုံမှန်ရက်‌တွေမှာ မနက်ပိုင်းမြို့ထဲမှာ စစ်ဆေးလေ့မရှိပဲ ဒီနေ့မှာ လမ်းတွေ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စက်ဘီးသမားပါ မချန် အကုန်စစ်တာ ခါးတွေပါတွေ စမ်းတာ၊ စျေးရောင်းချိန်ဆိုတော့ အသွားအလာတွေ ကြန့်ကြာတာပေါ့” လို့ ပြောပါတယ်။

ပြည်မြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် လာမယ်ဆိုတဲ့ သတင်းကြောင့် ဌာနဆိုင်ရာတွေမှာ ပြင်ဆင်မှုတွေ လုပ်နေသလို ဗိုလ်ချုပ်လမ်းတလျှောက်ရေဆေးတာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

“လူစည်ကားတဲ့ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်ပြည်လမ်း တလျှောက် လမ်းရေဆေးတာ၊ ယာဥ်လမ်းကြောသတ်မှတ်တဲ့မျဥ်းရေးဆွဲတာ၊ သန့်ရှင်းရေးအမှိုက်ကောက်၊ ဆေးသုတ်တာတွေ တွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မတ်လ ၄ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း အာဏာသိမ်းခေါင်းဆောင်လာမဲ့အပေါ်မှာ Shadow Pyay Defense နဲ့ PUGN တို့ပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ စာသားတွေ ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဌာနဆိုင်ရာရုံးတွေနဲ့ မြို့ပြင်တွေမှာလည်း စစ်အင်အားအပြည့်နဲ့ စစ်ကောင်စီယာဉ်တန်းတွေ လှုပ်ရှားနေတာ‌တွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။