စစ်ကောင်စီတပ်စွဲမယ့်နေရာမှာ CDF ကန်ပက်လက်က ကြိုတင်နေရာယူတိုက်ခဲ့လို့ ဗိုလ်ကြီးတဦးအပါ ၆ဦးသေဆုံး

0 2
0 2

မြေလတ်အသံ၊ မတ် ၇၊ ၂၀၂၂။

ချင်းပြည်နယ် ကန်ပက်လက် မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CDF ကန်ပက်လက် တို့ ထိတွေတိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် တပ်သား ၆ဦး သေဆုံးခဲ့တယ်လို့ CDF ကန်ပက်လက် တာဝန်ခံဆီက သိရပါတယ်။

မကွေးတိုင်းနယ်စပ်ကနေ စစ်ကြောင်း ၃ခုနဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ဒီနေ့ မနက် ၇နာရီနဲ့ ၉နာရီတို့မှာ ကန်ပက်လက်မြို့ ( ဆောက်လုပ်ဆဲ) လေယာဥ်ကွင်းအသစ်နားမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တာပါလို့ CDF ကန်ပက်လက် တာဝန်ခံက ပြောပါတယ်။

” စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မနက်မှာရောက်လာပြီးမှ ကင်းပုန်းတွေချပြီးနေရာယူထားကြတယ်၊သူတို့နေရာယူထားတဲ့နေရာကို ကျနော်တို့လည်း ကြိုပြီးနေရာယူထားတဲ့နေရာကနေပစ်ခတ်တာလုပ်ပါတယ်၊စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၆ ဦးသေဆုံးပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ဝင် အနေနဲ့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။