⁨စစ်ကောင်စီတပ်စခန်းတွေကို အနီးကပ်တိုက်ခိုက်နိုင်ဖို့ မောင်းသူမဲ့ကားတီထွင်(ရုပ်/သံ)

0 6
0 6

မြေလတ်အသံ၊ မေ ၂၇၊ ၂၀၂၅။

စစ်ကောင်စီတပ်စခန်းတွေကို အနီးကပ်မိုင်းခွဲတိုက်ခိုက်နိုင်ဖို့ မောင်းသူမဲ့ ( RC car)ကားကို တီထွင်နိုင်ခဲ့တယ်လို့ မကွေးတိုင်းအခြေစိုက် သပြေတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်မှုမှာ ကားအတွင်းဖောက်ခွဲယမ်းတွေထည့်သွင်းပြီး ထိရောက်တဲ့အနီးကပ်တိုက်ခိုက်မှုမျိုးပြုလုပ်နိုင်ဖို့နဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ လူသားအရင်းအမြစ် ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် တီထွင်ထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်စီးကား( RC car ) တစီးကိုသာ ထုတ်လုပ်ထားနိုင်သေးပြီး NUG အစိုးရအပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေဘက်က ကူညီထောက်ပံမှုရရှိပါက ၆ ဘီး၊ ၈ ဘီးကားတွေထိ မောင်းသူမဲ့ယာဥ်အဖြစ်ဖန်တီးနိုင်ပြီး အစီးရေအမြောက်အများထုတ်လုပ်ကာ တိုက်ခိုက်နိုင်မယ်လို့ဆိုပါတယ်။

မောင်းသူမဲ့ကားကိုတီထွင်နိုင်ဖို့ ၆ လကျော်ကြာ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး နည်းပညာမြင့်ပစ္စည်းတွေအသုံးပြုနိုင်ပါက မောင်းနှင်သူမပါဘဲ မီတာထောင်ချီအကွာအဝေးထိ မောင်းနှင်ဖောက်ခွဲတိုက်ခိုက်နိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါကားတွေမှာ မိုင်းဆင်တိုက်ခိုက်နိုင်ဖို့ လုံလောက်တဲ့ငွေကြေး၊ ယမ်း၊ ပစ္စည်းကိရိယာ လိုအပ်ချက်တွေရှိနေသေးတာကြောင့် မဟာမိတ်အဖွဲ့တွေနဲ့ တော်လှန်ရေးအပေါ် စိတ်ဝင်စားသူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေလိုအပ်နေပြီး ရရှိထားတဲ့နည်းပညာကို တော်လှန်ရေးအပေါ်အမှန်တကယ်ယုံကြည်လုပ်ကိုင်နေတဲ့အဖွဲ့တွေကို စိစစ်ကာ နည်းပညာဖြန့်ဝေပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။