myaelatt athan

Sharing Information to the Local

ပုလဲPDF ဗိုလ်နဂါး တို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှု မရှိ

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၂။

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးတို့ အစည်းအဝေးလုပ်နေတဲ့ ‌နေရာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လေယာဉ် ၃စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ဆီက သိရပါတယ်။

၂စင်းက စစ်အင်အား လာချခဲ့တာဖြစ်ပြီး ၁စင်းကတော့ ဖိုက်တာလေယာဉ်ဖြစ်ပြီး အစည်းအဝေးနေရာ ပတ်ပတ်လည်ကိုပစ်သွားခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။

” ခုနေတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူး ၊ ကိုယ်တို့က သတင်းကြိုပေးလိုက်နိုင်တဲ့ အတွက် သူတို့နည်းနည်းလေး ရှောင်သာတယ်၊ ဟုတ်တယ် အားလုံးလွတ်မြောက်သွားတယ်” လို့ ပြောပါတယ်။

ပထမ ၃စင်းပြန်သွားပြီး ၁၀ မိနစ်နီးပါးအကြာမှာ နောက်ထပ် လေယာဉ် ၂စင်းနဲ့ အင်အားထပ်လာချသွားခဲ့တာ စုစုပေါင်း အင်အား ၈၀ နီးပါး ရှိခဲ့ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

” သိတဲ့ အတိုင်းပဲ ဒို့ပြည်သူတွေဆီမှာ တိုင်းရင်းသား လက်နက်ကိုင်ကြီးတွေလို လက်နက်က ရှိတာမဟုတ်ဘူး တူမီးပဲ ရှိတာ ၊တူမီးနဲ့ တိုက်နေတဲ့ သူတွေကို အဲ့လောက်ကြီး အနိုင်ကျင့်တာတော့ အရမ်းရုပ်ဆိုးသွားပြီ” လို့ ပြောပါတယ်။

နောက်ဆုံးအခြေအနေကတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဖိုက်တာလေယာဉ် တွေ ပုလဲမြို့နယ်ထဲဝင်ပြီး မင်းတိုင်ပင်မြို့နယ် ကမ်းတောင်းရွာတွေကို ဝင်ပြီး လေယာဉ်နဲ့ ပစ်သွားခဲ့ပြီး ပုလဲနယ်ဘက်ကို ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။