မြောင်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

0 2
0 2

စစ်ကိုင်း၊ ဇန်နဝါရီ ၁၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက လေကြောင်းအသုံးပြုကာ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ Young Fighters People’s Defence Force of Myaung ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေး ကမြေလတ်အသံကို ပြောပါတယ်။

မြောင်မြို့နယ်ထဲက နဘက်၊ ရွာသစ်၊ ဘုရင်ဂျီ၊ သောင်ကြီး၊ ပေါက်တေါ အရှေ့၊ အနောက်၊ အညွန့် ၊ မင်းတန်း၊ သာဒွန်းနဲ့ ဘုန်းကောင်းကျေးရွာ အစရှိတဲ့ ကျေးရွာကဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်းနေရတယ်လို့ သူကပြောပါတယ်။

“ရွာလုံးကျွတ် ပြေးနေရတာ များပါတယ်။ မြောင်နဲ့ ကျောက်ရစ် နဘက်မှာ အထိုင်အင်အား ၇၀ ခန့် စီနဲ့ တပ်စွဲနေပါတယ်။ မနက်မလင်းခင်မှာ မြူနှင်းအကာအကွယ်ယူပြီး မြစ်ကြောင်းကနေ မင်းတန်းရွာကို ဝင်ရောက်ထိုးစစ်စင်ပြီး ရွာကိုမီးရို့နေပါတယ်။ မြောင်ကို အရင်ကတည်းက လေယာဥ်အသုံးပြုခွင့်တင်ထားတဲ့ သတင်းရတယ်။ ခုအသုံးပြုခွင့်ကြလို့ စစ်မြူနေတာဖြစ်နိုင်တယ်ဗျ။” လို့ Young Fighters People’s Defence Force of Myaung ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေး ကပြောပါတယ်။

ကျေးရွာတွေကို ဝင်ရောက်ထိုးစစ်စင်တဲ့အခါ အင်အား၅၀ ခန့် ၃ ဖွဲ့ခွဲ ဝင်ရောက် တိုက်ခိုက်ပြီး၊ မြောင်ကို စစ်အင်အားတိုးချဲ့ထားကာ အလှုပ်စစ်ကြောင်းကို အင်အား ၄၀ ကျော် ၅၀ ခန့်နဲ့ ထိုးစစ်စင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

“PDF တွေနဲ့ ခေါင်းဆောင်တွေကိုအကြံပေးချင်တာ ရန်သူလုပ်ဆောင်မူကို ကိုယ်ကသိပြီး ကိုယ့်လုပ်ဆောင်မူကို သိုသိုသိပ်သိပ်လေးလုပ်ပေးကြဖို့ အကြံပြုချင်ပါတယ်ဗျ။ ကျနော်တို့ရင်ဆိုင်နေရတာက နှစ်ပေါင်း ၈၀ လောက် လေ့ကျင့်ဖွဲ့စည်းထားတဲ့ အကြမ်းဖက်စစ်တပ်ဆိုတာကို မေ့မသွားဖို့ပါ။ ကျနော်တို့ ပန်းမဝင်သေးပါဘူး တက်မမြှောက်ကြပါနဲ့လို့ ပြောချင်ပါတယ်ဗျ” လို့ YFPDF ရဲ့တိုက်ခိုက်ရေးတာဝန်ခံကိုဒေးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြောင်မြို့နယ်ဟာ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏထိတွေတိုက်ပွဲဖြစ်ပွားမှုအများဆုံး မြို့နယ်တခုထဲမှာပါဝင်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မြောင်မြို့ရဲ့ အဝင်အထွက် စစ်ဆေးရဲ့ ဂိတ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။