အောင်လံက လွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းဆရာအပါအဝင် ၄ ဦး၏ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

0 2
0 2

မကွေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၁။

မကွေးတိုင်း၊ အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ CDM ပညာရေးဝန်ထမ်းတဦး၊ NLD မြို့နယ် အလုပ်အမှုဆောင်တဦးနဲ့ တက်ကြွလှုပ်ရှားသူတဦး စုစုပေါင်း ၄ ဦးရဲ့ နေအိမ်တွေကို မနေ့က ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ CDM ပညာရေးဝန်ထမ်း ဆရာဦးကျော်ကျော်ဦး၊ NLD မြို့နယ် အလုပ်အမှုဆောင် ဒေါ်ဥမ္မာဌေးနဲ့ ကိုသူရနိုင် (ခေါ်) ကိုမိုင်းဆက် တို့ ၄ ဦးရဲ့ နေအိမ်တွေ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

“ဦးအေးကျော်အိမ်ဆို ယောက္ခမပါရှိတယ်။ သက်ကြီးရွယ်အိုပေါ့ အသက်က ၇၀ နီးပါး ရှိနေပြီ၊ မိသားစုတွေနေတဲ့ အိမ်ကို သူတို့အပြင်ခဏသွားတုန်း ဝင်ပြီးချိတ်ပိတ်ပစ်တာ။ အခုတော့ နေစရာမရှိလို့ အမျိုးတွေအိမ်မှာ သွားနေရတယ်။ ကျန်တဲ့သူတွေအိမ်ကတော့ လူမနေတာ ကြာပါပြီ” လို့ အောင်လံမြို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုချိတ်ပိတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်မှာ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး၊ အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတပါးဖြစ်လို့ အာဏာသိမ်းစဉ်ကာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရကာ အခုလို နိုင်ငံရေးနဲ့ပတ်သက်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ အောင်လံမြို့နယ်မှာ ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။

အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၁၅ အနိုင်ရအမတ် ဟောင်း) ၂ ဦးကတော့ စစ်ကောင်စီထံမှာ ခံဝန်ထိုးပြီး နေထိုင်နေကြောင်းနဲ့ နိုင်ငံအရေးအယူအစမတူသူတွေကို အခုလို မတရားဖမ်းဆီးထောင်ချတဲ့အပြင်၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေရဲ့ နေအိမ်တွေကို မတရား ချိတ်ပိတ်တဲ့အပေါ် မြို့ခံလူထုအနေနဲ့ လက်မခံနိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။