26 July 2026 8:00 PM

၂ရက်အတွင်း စစ်ကောင်စီတပ်သား ၃၂ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

0 6
0 6

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၁။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီနဲ့ PDF တို့ ၂ရက်ဆက်တိုက် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PRA ရဲ့ ‌ခေါင်းဆောင် ဗိုလ်ဂျပန်ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၅နဲ့ ၁၆ရက်တွေမှာ ၈ကြိမ်တိုင်တိုင် အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့ပြီးတော့ PRA တပ်ဖွဲ့အပြင် မြိုင် PDF နဲ့ ကျေးရွာ တပ်ပေါင်းစုတွေလည်း ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ဂျပန်က ပြောပါတယ်။

“စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၇ တပ်ရင်းနဲ့တိုက်ပွဲဖြစ်ပါတယ်၊ကျန်တဲ့ဟာကတော့ပုလဲမြို့နယ်ကထွက်လာတဲ့ စစ်ကိုင်းတိုင်းဘက်ကိုနယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာ ကားတွေကို မိုင်းဆွဲတယ် ချောင်းမြောင်းပစ်ခတ်တာတွေလုပ်တာပေါ့” PRA ရဲ့ ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းက စစ်ကောင်စီတပ်သား ၁၅‌ယောက် ငှက်ပျောတောမှာ ကင်းပုန်းဝပ်နေတုန်း PRA က ‌ချောင်းပစ်ခဲ့သလို ဗိုလ်မောင်မောင်တုတ် ဦးဆောင်တဲ့ ပြောက်ကျားတပ်က လျှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခဲ့လို့ စစ်အုပ်စုက ၄ဦး သေဆုံးသွားခဲ့တယ်လို့ ဗိုလ်ဂျပန်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် မနက် ၆ နာရီ တပ်မ ၁၁ လက်အောက်ခံ၊တပ်ရင်း ခမရ-၂၁၇ မှ စစ်ကြောင်းထိုးလာချိန်မကွေးတိုင်း၊မြိုင်မြို့နယ်၊ငါးမြောင်းရွာ၊ငါးတွင်း နဲ့ မှန်တောင်အနီးမှာ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) နဲ့တိုက်ပွဲ၁ နာရီခွဲကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၆ရက်မှာတော့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာပဲ စစ်ကောင်စီရဲ့ အင်းအား ၂၀ပါတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ၁၅ယောက် သေဆုံးသွားသလို နေ့လယ်ပိုင်း မှာ ‌နောက်ယာဥ်တန်းတခုကို မိုင်းဆွဲတိုက်ခိုက်ချိန်မှာတော့ ၇ဦး ထပ်ပြီးသေဆုံးခဲ့တာကြောင့် ၁၆ရက် တနေ့တည်း ၂၂ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။