ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ဗိုလ်တဦးလက်ပြတ်ပြီး ၅ဦးသေ

0 1
0 1

မန္တလေး၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။

တောင်သာမြို့က စာသင်ကျောင်းတ‌ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စိတပ်ဖွဲ့တွေ မနေ့က မနက်အစောပိုင်းမှာ တိုက်ခိုက်ခံရလို့ ၅ဦးသေဆုံးကာ ဗိုလ်အဆင့်ရှိသူတဦးလက်ပြက်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့၊မင်္ဂလာဦးရပ်ကွပ်ကစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာ ၁၂ရက် မနေ့က မနက် ၃နာရီလောက်မှာ PDF ၄ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒိထဲက တပ်သား ၄ဦး နဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူတဦးကတော့သေဆုံးခဲ့တယ်လို့ Natogyi Regional PDF ရဲ့တာဝန်ခံတဦးကပြောပါတယ်။

“ အပြန်အလှန်ပစ်ခတ်ကြပါသေးတယ်၊ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်၊ သူတို့ဘက်က ၄ ယောက်နဲ့ ပျူစောထီးခေါင်းဆောင်တစ်ယောက်သေတယ်၊ ဗိုလ်အဆင့်ရှိတဲ့လူက လက်ပြတ်သွားပါတယ်၊ ခုချိန်ထိ အဲ့ဒီကျောင်းမှာတပ်စွဲထားတုန်းပဲ” လို့ သူကဆက် ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi Regional PDF၊ 27 Revolution Forces၊ မြေလတ်PDFနဲ့Seven People Defence Force တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF တွေအနေနဲ့ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့လည်းသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။