myaelatt athan

Sharing Information to the Local

ဝက်လက်ပအဖ ရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး ၁ ဦး အသတ်ခံရ

ဝက်လက်၊ မေ ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၃ ရက်ညပိုင်းက ဝက်လက်မြို့နယ်၊ ဂျိုးဖြူကုန်းတဲစုမှာ အသက် ၃၀ အရွယ် ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ရုံးအဖွဲ့မှူးနဲ့အတူ အမျိုးသမီး ၁ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“ရွာတော်ကုန်းရွာဘေးက ဂျိုးဖြူကုန်းတဲစုထဲ ည ၁ နာရီလောက် စစ်တပ်ကဝင်သတ်သွားတာလို့လည်း ကြားတယ်၊ ဘယ်သူကသတ်မှန်း မသိသေးဘူး၊ ရွာသာကြီးနဲ့ နီးတယ်ဗျ၊ ၁ မိုင် ၁ မိုင်ခွဲလောက် နီးတယ်၊ အမျိုးသမီးက ဝက်လက်မြို့နယ်၊ သရက်ကြီး(ရွာ)က” လို့ ရွာတော်ကုန်း ဒေသခံတဦးကပြောပါတယ်။

အလောင်းတွေ့ရှိခဲ့တဲ့နေရာဟာ စစ်ကောင်စီတပ်တွေအထိုင်ချတပ်စွဲထားတဲ့ ရွာသာကြီးရွာနဲ့ ၁ မိုင်ကျော်မှာတည်ရှိတာကြောင့် ဒီသတ်ဖြတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုမျိုးအောင်ကိုရဲ့ ရုပ်အလောင်းကို မေ ၂၄ ရက်က ရွာတော်ကုန်းရွာမှာ သင်္ဂြိုဟ်ခဲ့ပြီး၊ အမျိုးသမီးကိုတော့ သူ့ရွာကို ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

ကိုမျိုးအောင်ကိုဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင်ဖွဲ့စည်းကတည်းက ပအဖအဖွဲ့ထဲမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။