တိုက်ပွဲပြန် SFT တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကြိုဆို

စစ်ကိုင်း၊ မေ ၅၊ ၂၀၂၅။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု – SFT မှ တိုက်ပွဲပြန်တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု အမှတ် (၃)နဲ့ အမှတ် (၅) စစ်ကြောင်း ၂ ခုမှ တပ်ဖွဲ့ဝင် ၅၀ ဦးကို ဧပြီတတိယပတ်ထဲမှာ ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။

“အတွေ့အကြုံအားဖြင့် အများကြီးရလိုက်တယ်။ မြို့သိမ်းတိုက်ပွဲမှာ ရန်သူရဲ့ပထဝီအနေအထားအရဆိုရင် ရန်သူသည် အားသာတဲ့နေရာကနေ နေပြီးတော့မှ ဒီမြို့ကို သိမ်းရတဲ့ အခြေအနေတွေရှိတာပေါ့လေ။ ပြီးရင်မြို့သိမ်းတိုက်ပွဲမှာဆိုရင် အလံတွေ၊ တံဆိပ်တွေ မတူညီတဲ့ အင်အားစုအသီးသီးကနေပြီးတော့မှ စည်းလုံးညီညွတ်စွာနဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်”လို့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု(SFT) ဗဟိုစစ်ဦးစီးအဖွဲ့ဝင် ကိုဇေယျကပြောပါတယ်။

စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်ကော် မတီဝင်တွေ၊ လုပ်ငန်းကော်မတီဝင်တွေ၊ စစ်ရေးလုပ်ငန်းအဖွဲ့ဝင်တွေ၊ တပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက အောင်သပြေတွေ၊ ပန်းကုံးတွေ၊ အတီးအမှုတ်တွေနဲ့ ကြိုခဲ့ကြတယ် လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု – SFT မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဇေယျက ဆက်ပြောပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့ သိမ်းတိုက်ပွဲမှာ အညာဒေသမှ စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု – SFT အပါအဝင် PDF ၁၇ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့နယ်တခုလုံးကို ၂၀၂၅ ဧပြီ ၉ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းညီနောင် (Chin Brother Hood) က ထုတ်ပြန်ထားပါတယ်။

စာတည်း -လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။