ရေစကြိုမှာ ကုန်စုံဆိုင်ကြီးမီးလောင်ပြီး မီးငြှိမ်းဖို့လာတဲ့အမျိုးသား ၁ ဦးပစ်ခတ်ခံရ

0 7
0 7

ရေစကြို၊ ဧပြီ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၃၊ ပန်းတော်တင်ရပ်ကွက်က ကုန်စုံဆိုင်ကြီးတဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ ၄ ရက်ဒီညနေ ၃ နာရီလောက်မှာ ပန်းတော်တင်ရပ်ကွက်ရှိ ‘ဒေါ်ဆယ်သန်း’ ကုန်စုံဆိုင်က စတင်ပြီးမီးလောင်ခဲ့ရာ ဘေးချင်းကပ်နေအိမ် ၁ လုံးလည်း မီးကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒေါ်ဆယ်သန်း ဆီဆိုင်မီးလောင်တာ၊ ပေါ့ဆမီးလို့ပြောတယ်၊ အိမ်မှာတင်ရောင်းတဲ့ ဆီဆိုင်ပါ၊ သူက စားဆီကော ဒီဇယ်၊ ဓါတ်ဆီရောင်းတယ်၊ ကုန်စုံဆိုင်လည်းဖွင့်ထားတယ်၊ ဒေါ်ဆယ်သန်းအိမ်နဲ့ ဘေးကအိမ်လည်း မီးလောင်တာ၊” လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင်မီးလောင်နေချိန် မီးငြှိမ်းသတ်ဖို့သွားတဲ့အမျိုးသားတဦးကိုလည်း မီးလောင်တဲ့နေရာအနီးမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရခဲ့တယ်လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။

ရေစကြိုမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ မြို့မဈေး အရံမီးသတ်တပ်ဖွဲ့တို့က မီးငြှိမ်းသတ်ခဲ့ကာ မီးလောင်ပြီး နာရီဝက်လောက်အကြာမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမီးလောင်မှုအတွင်း လူထိခိုက်မှုမရှိဘဲ ငွေကျပ်သိန်း ၁၀၀ ဝန်းကျင်လောက်တော့ ဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပေမယ့် မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။