⁨စစ်သား ၆ ယောက်သေခဲ့တဲ့အပေါ် မကျေနပ်လို့ ရွာလုံးကျွတ်အိမ်အကုန် မီးလာရှို့သွား

0 0
0 0

နတ်တလင်း၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဘန့်ဘွေးကုန်းရွာမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၆ ယောက် သေဆုံးခဲ့တဲ့အပေါ် မကျေနပ်လို့ ရွာကို ၄ ကြိမ်မြောက် မီးလာထပ်ရှို့လို့ ရွာရှိနေအိမ် အကုန်မီးလောင်ပျက်စီးသွားပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လယ်မရွာကနေ အင်အား ၁၅၀ ပါစစ်ကြောင်းဟာ ဘန့်ဘွေးကုန်ရွာထဲ ပြန်ဝင်လာပြီး အရင်နေ့က မီးမလောင်းပဲ ကျန်းခဲ့တဲ့ နေအိမ်တွေအားလုံးကို မီးရှို့ဖျက်စီးခဲ့တာလို့ ဆိုပါတယ်။

“ဟိုတနေ့က တိုက်ပွဲဖြစ်ပြီး သူတို့စစ်သားတွေ သေတာကို မကျေနပ်လို့ လာပြန်ရှို့တာလို့ သိရတယ်။ အခုတခေါက် မီးရှို့တာမှာတော့ ရွာထဲက အိမ်တွေတလုံးမှ မကျန်တော့ဘူး။ ရွာထဲကနေတော့ အခုညနေထိ မပြန်သေးဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ယနေ့မီးထပ်ရှို့ရာမှာတော့ ကျေးရွာအတွင်း လက်ကျန်နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဘန့်ဘွေးကုန်းကျေးရွာထဲကို စစ်တပ်စစ်ကြောင်းဝင်လာချိန် PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်အာကာဆိုသူ အပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့ပြီးနောက် ကျေးရွာထဲက နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျေးရွာဟာ အိမ်ခြေ ၁၅၀ ထက်မနည်းရှိပြီး ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က တကြိမ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ဒုတိယအကြိမ် မီးရှို့ခံခဲ့ရပြီး အဲဒီ ၂ ကြိမ်းအတွင်းမှာတော့ ကျေးရွာရှိ အိမ်​ခြေထက်ဝက်ကျော် မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။ တယ်။

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။