⁨⁩ ⁨ဖုန်းဆိုင်ပိုင်ရှင်အပါ လူ ၃ ဦးသေအောင် ပစ်ခတ်လုယက်ခဲ့သူ ဖမ်းမိ

0 0
0 0

မန္တလေး၊ နိုဝင်ဘာ ၁၇၊ ၂၀၂၆။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာနဲ့ လိန်ပင်ရွာတို့မှာ လူ ၃ ဦးသေအောင် ပစ်ခတ်လုယက်ခဲ့သူ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လူသတ်လုယက်မှုကျူးလွန်သူဟာ ပုသိမ်ကြီးမြို့၊ အရှေကန်ကောက်ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် နေလင်းအောင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ လိန်ပင်ကျေးရွာ စိုက်မွေးသိပ္ပံကျောင်းအနီး သရက်ခြံအတွင်း ပုန်းအောင်းနေစဥ်မှာ ရဲတွေက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“ရဲတွေက ဆိုင် CCTV မှတ်တမ်းတွေနဲ့လိုက်တော့ သူအိမ်ကို သိရတယ်။ သူအဖေကိုစစ်မေးတော့ သူပုန်းနေတဲ့နေရာသိပြီး ဖမ်းဆီးခံရတာလို့တော့ သိရတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာာလ ၅ ရက်နေ့မှာ နေလင်းအောင်ဟာ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ မြောက်ပိုင်း ကားလမ်းဘေးရှိ ထာဝရဖုန်းဆိုင်မှာ သေနတ်ပြ ခြိမ်းခြောက်ငွေတောင်းရာ ဆိုင်ရှင်အမျိုးသား အသက် ၄၀ ကျော်၊ ကိုအောင်မျိုးသန့်က မေးမြန်းနေစဥ် သေနတ်နဲ့ ၂ ချက်ပစ်ပြီး ဆိုင်ကယ်နဲ့ မောင်းပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သေနတ်သမားနောက်ကို ကိုအောင်မျိုးသန့်ရဲ့ ဦးလေးဖြစ်သူ ကိုမောင်နဲ့ ဦးပေလုံးတို့က ကားနဲ့လိုက်ပြီးဖမ်းရာ လိပမ်ပင်ကျေးရွာအနီးအရောက်မှာ ကားနဲ့ လိုက်လာသူ ၂ ဦးကို နေလင်းအောင်က လက်ပစ်ဗုံးတလုံးနဲ့ ပစ်ခတ်ခဲ့သလို သေနတ်နဲ့ထပ်မံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ထာဝရဖုန်းဆိုင်ပိုင်ရှင် ကိုအောင်မျိုးသန့်မှာ နေရာမှာတင်သေဆုံးပြီး ကိုမောင်နဲ့ ဦးပေလုံးတို့မှာ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသနေစဥ် ထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ရပ်ကွက်မှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ ဖုန်းအရောင်းဆိုင် တဆိုင်တို့ သေနတ်ပြ လုယက်ခံရပြီး ငွေကျပ် ၅ သိန်းနဲ့ ဖုန်း ၄ လုံး လုယက်ခဲ့သူဟာလည်း နေလင်းအောင်ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။