ရန်ကုန်-ပြည်လမ်းပေါ်က အပူဒဏ်ကာကွယ်ရေးအစိမ်းစတွေ ပြတ်ကျလို့လှောင်ပြောင်ခံရ

0 136
0 136

မြေလတ်အသံ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ရန်ကုန်-ပြည်လမ်းပေါ်က မြို့နယ်အချို့မှာ ခရီးသွားတွေ အပူဒဏ်ကာကွယ်ဖို့ဆိုပြီး စစ်အာဏာပိုင်တွေ မိုးထားတဲ့ နေကာလိပ်အစိမ်းစတွေ ပြုတ်ကျကုန်တဲ့အတွက် မြို့ခံတွေက ဝေဖန်လှောင်ပြောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်-ပြည်လမ်းပေါ်မှာ ရှိကြတဲ့ ပေါင်းတည်မြို့ ဘုရားကြီးလမ်းဆုံ မီးပွိုင့်အနီးနဲ့ နတ်တလင်းမြို့ သံဖြူရုံဂိတ်မီးပွိုင့်တို့မှာ မိုးထားတဲ့ နေကာလိပ်အစိမ်းစတွေ ပြုတ်ကျကုန်တာကို ​အောက်တိုဘာ ၁၈ ရက်မနက်ကတွေ့ရတာလို့ ဆိုပါတယ်။

ပုံစာ – ပေါင်းတည်မြို့ ဘုရားကြီးလမ်းမီးပွိုင့်အနီးက အပူဒဏ်သက်သာစေရန်မိုးထားတဲ့အစိမ်းစတွေ လမ်းပေါ်ပြုတ်ကျနေပုံ။

“စေတနာမပါပဲ လုပ်တော့ ပြုတ်ကျကုန်တာပေါ့။ မနက်အစောပိုင်းသွားတဲ့ကားတွေဆို အစိမ်းစကြီးတွေကို ဝါးလုံးနဲ့ထိုးမြှောက်ပြီး မောင်းသွားရတာ။ ဂွင်ဖန်ဖို့ပဲတွေးနေတာ လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင်မလုပ်ကြဘူး။ သူများမြို့တွေမှာလုပ်တာက မီးပွိုင့်မှာ မီးနီမိတုန်းအရိပ်ရအောင်။ ပေါင်းတည်မှာ မီးပွိုင့်ကပျက်နေတာကို လုပ်တာဖော်ရှိုးလုပ်တာပေါ့ ညဘက်ဆိုတော့ ဘယ်လို ပြုတ်ကျလည်းတော့မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီနေကာလိပ်အစိမ်းစတွေ ရန်ကုန်-ပြည်လမ်းပေါ် အုပ်မိုးတာတွေကို မြို့နယ်ထွေအုပ်နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးအောက်တိုဘာလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်အစိုးရရဲ့ စီမံချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ပြုတ်ကျပျက်စီးကုန်တာ ဖြစ်ပါတယ်။

ပုံစာ – ပေါင်းတည်မြို့ ဘုရားကြီးလမ်းမီးပွိုင့်အနီးက အပူဒဏ်သက်သာစေရန်မိုးထားတဲ့အစိမ်းစတွေ လမ်းပေါ်ပြုတ်ကျနေပုံ။
ပုံစာ – ပေါင်းတည်မြို့ ဘုရားကြီးလမ်းမီးပွိုင့်အနီးက အပူဒဏ်သက်သာစေရန်မိုးထားတဲ့အစိမ်းစတွေ လမ်းပေါ်ပြုတ်ကျနေပုံ။

အလားအတူ နတ်တလင်းမြို့ ရန်ကုန်-ပြည်လမ်း သံဖြူရုံဂိတ်မီးပွိုင့်အနီးမနက်က နေကာလိပ်အစိမ်းစတွေလည်း ပြုတ်ကျကုန်တယ်လို့ သိရပါတယ်။

“ရယ်တော့ရယ်ရသား အယ်နီညိုဖမ်းမယ့် ပိုက်တွေလား မသိဘူး၊ မိုးတွေလေတွေတိုက်လို့ပြုတ်ကျကုန်ပြီမနက် (အောက်တိုဘာ ၂၀)က မတွေ့ရတော့ဘူး” လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။

အဲဒီလို လမ်းပေါ်မှာ နေကာလိပ်အစိမ်းစတွေ အုပ်မိုးထားတာတွေကို ရန်ကုန်-ပြည်လမ်းတလျှောက်မြို့တွေဖြစ်တဲ့ ဇီးကုန်းမြို့က ပန်းခြံအနီးမီးပွိုင့်နဲ့ ကြို့ပင်ကောက်မြို့ပေါ် နာရီစင်အနီးက ရန်ကုန်-ပြည်မီးရထားလမ်းကူးတို့မှာလည်း ပြုလုပ်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အခုလိုရာသီဥတု ဖေါက်ပြန်မှုအပေါ် ယာယီကာကွယ်ပေးနိုင်တဲ့အရာတွေ ပြုလုပ်ပေးတာထက် နှစ်ရာချီနေတဲ့ သက်တမ်းရင့် ကုက္ကိုပင်ပေါင်း ၁ ဒါဇင်ကျော်ကို မကြာသေးခင်ကာလကမှ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက ခုတ်လှဲရောင်းချထားတဲ့ လုပ်ရက်အပေါ် ဒေသခံတွေက ကျေနပ်မှုမရှိကြောင်း သိရပါတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။