6 October 2026 2:02 PM

စစ်တပ်လက်အောက်ခံ အလယ်တန်းကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ဆရာမ ၁ ဦးနဲ့ ကျောင်းသား ၇ ဦးဒဏ်ရာရ

0 2
0 2

တောင်သာ၊ အောက်တိုဘာ ၆၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာရှိ အလယ်တန်းကျောင်းမှာ ဒရုန်းနဲ့ဗုံးချခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၈ ဦးဒဏ်ရာရတယ်လို့ တောင်သာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက် ၈ နာရီ ၂၅ မိနစ်ခန့်က ထန်းပင်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ ဒရုန်းတစီးနဲ့ သာပေါင်းလေးရွာက စာသင်ကျောင်းဝင်းထဲကို ဗုံးသီးတလုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲလည်းမရှိဘဲ အလွတ်ကြီးလာချသွားတာ။ တစီးတည်းလာပြီး တလုံးထဲချသွားတာ။ ကျောင်းကိုချတာမှာ ကျောင်းမျက်နှာစာ ကွက်လပ်ထဲကျတာ။ ကျောင်းလာနေချိန်ဆိုတော့ ကလေးတွေလည်း ထိတာရှိတယ်။”လို့ တောင်သာပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ဆရာမတဦးနဲ့ ကျောင်းသား/ကျောင်းသူ ၇ ဦးစုစုပေါင်း ၈ ဦးပြင်းထန်ဒဏ်ရာရထားတယ်လို့သိရပြီး ထိခိုက်သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တော့ မရသေးပါဘူး။

အဲ့ဒီ သာပေါင်းလေးကျေးရွာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ ရွာဖြစ်သလို သူတို့ရဲ့လက်အောက်ခံ စာကျောင်းလည်းဖြစ်တယ်လို့ သိရပြီး ထိခိုက်သူတွေကိုတော့ နီးစပ်တဲ့ဆေးရုံဆေးခန်းတွေကို သယ်သွားတယ်လို့သာသိရပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း မလှိုင်မြို့နယ်၊ ဆည်ကွဲကျေးရွာမှာ စစ်တပ်ဒရုန်းကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Latest Post

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။