မကျေပွဲမှာ ပန်တိုဂျာကို နောက်တကြိမ်အနိုင်ယူခဲ့တဲ့ ချန်ပီယံ ဗန် (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၆။

UFC 331 ပွဲစဉ်ရဲ့ ခေါင်ပွဲဖြစ်တဲ့ Flyweight ချန်ပီယံကာကွယ်ပွဲမှာ ချန်ပီယံ ဂျော့ရှ်ဝါဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ ယှဉ်ပြိုင်ခဲ့ရာ ၅ ချီအထိ ယှဉ်ပြိုင်ခဲ့ရပြီး ဂျော့ရှ်ဝါဗန်က အမှတ်ပေးဒိုင်တွေရဲ့အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံဟောင်း ပန်တိုဂျာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက် UFC 323 ပွဲစဉ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့တဲ့ ဂျော့ရှ်ဝါဗန်က နောက်ထပ်တကြိမ် မကျေပွဲပြန်လည်တွေ့ဆုံရာမှာလည်း ထပ်မံအနိုင်ယူခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျော့ရှ်ဝါဗန်ဟာ ချန်ပီယံဖြစ်ပြီးတဲ့နောက် တက်ဆူရိုတိုင်ရာကို UFC 328 မှာ တကြိမ် ချန်ပီယံဟောင်း ပန်တိုဂျာကို ယခု UFC 331 မှာတကြိမ် စုစုပေါင်း နှစ်ကြိမ် ချန်ပီယံခါးပတ်ကာကွယ်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

မြေလတ်အသံ

ဂျော့ရှ်ဝါဗန် #ပန်တိုဂျာ #UFC331 #MMA

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။