⁩ ⁨တိုက်နယ်ပကဖတာဝန်ခံ သေနတ် ၁၀ လက်၊ ခဲယမ်းတွေနဲ့ ကျပ် သိန်း ၅၀၀ ကျော်ယူပြီး စစ်တပ်ဘက်ပြောင်း

0 1
0 1

မြင်းမူ၊ စက်တင်ဘာ ၁၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်တိုက်နယ်ပကဖ တာဝန်ခံက သေနတ် ၁၀ လက်ခန့်အပါအဝင် ခဲယမ်းတွေနဲ့ တပ်ဖွဲ့ပိုင် ငွေကျပ်သိန်း ၅၀၀ ကျော်ယူပြီး စစ်တပ်ဘက် ပြောင်းသွားတယ်လို့ မြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့မနက် ၈ နာရီခန့်မှာ တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးဟာ ကျေးရွာကနေ တပ်ဖွဲ့ပိုင် ကားတစီးနဲ့အတူလက်နက်တွေ တင်ဆောင်ပြီး မြင်းမူမြို့ပေါ်ရှိ တမ ၃၃ လက်အောက် စစ်တပ်ဘက်ကို ဝင်သွားတယ်လို့ ဆိုပါတယ်။

“အလက်က အစုံပဲ။ ၁၀ လက်လောက်ရှိတယ်။ သူဘက်မပြောင်းခင် ၃ ရက်လောက်က သူ့မိန်းမက ဖမ်းခံထိတယ်လို့ သတင်းထွက်လာတယ်ပြောတယ်။ သူက လက်နက်တွေယူပြီးဘက်ပြောင်းသွားတာက သေချာတယ်” လို့မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်နယ်တာဝန်ခံမြတ်စိုးယူသွားတဲ့ လက်နက်၊ ခဲယမ်းနဲ့ ငွေကြေးစာရင်းတွေရဲ့အသေးစိတ်စာရင်းတွေကိုတော့ စိစစ်နေဆဲဖြစ်ပြီး၊ ပါသွားတဲ့ ငွေကြေးထဲမှာ တိုက်နယ်ပကဖပိုင်ငွေအပါအဝင် အခြားမဟာမိတ်အဖွဲ့တွေရဲ့ ငွေတွေလည်း ပါသွားတယ်လို့ ပြောပါတယ်။

တိုက်နယ်တာဝန်ခံတဦး စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတာနဲ့ပတ်သက်ပြီး တိုက်နယ်ပကဖ အဖွဲ့ဝင်တွေနဲ့ နီးစပ်ရာ အဖွဲ့တွေက လုံခြုံရေးအရ အခြားနေရာတွေကို ကြိုတင်ရွှေ့ပြောင်းတာမျိုးတွေ ပြုလုပ်ကြရတယ်လို့ သိရပါတယ်။

စစ်တပ်ဘက် ဘက်ပြောင်းသွားသူ မြတ်စိုးဟာ ဂုံညင်းဆိပ်ရွာခံဖြစ်သလို တော်လှန်ရေးအဖွဲ့တွေထဲကို ၂၀၂၃ ခုနှစ်လောက်က ရောက်လာသူဖြစ်ပြီး အဲဒီနောက်မှာ တိုက်နယ်တာဝန်ခံအဆင့်ထိ ရာထူးတိုးလာသူ ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။