⁨⁩ ⁨တရုတ် Gas ပိုက်လိုင်းစောင့် ဒုဗိုလ်ကို ပစ်သတ်ပြီး လက်ပစ်ဗုံးနဲ့ ပစ္စည်းအချို့ကို သိမ်းဆည်း

0 0
0 0

တောင်သာ၊ သြဂုတ် ၁၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဂက်စ်ပိုင်းလိုင်းစောင့် ဒုဗိုလ်တဦးကို ဒီနေ့သြဂုတ် ၁၃ ရက် မနက် ၇ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ပြီး လက်ပစ်ဗုံးတလုံးနဲ့ အခြားပစ္စည်းတချို့ကို သိမ်းယူခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။

အမှတ် ၇၈ တပ်(ကြည်း)မှ အသက် ၄၅ နှစ်ဝန်းကျင် ဒုဗိုလ်မောင်သိန်း ဆိုသူဖြစ်ပြီး၊ တဦးတည်း ဆိုင်ကယ်မောင်းလာချိန် တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းနဲ့ အေးရွာ Gas ပိုက်လိုင်းကြားမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – သေဆုံးသူနှင့် ၎င်းဆီကသိမ်းဆည်းထားသည့် လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းနှင့်ငွေသားအချို့။

“သူက ဝဲလောင်ရဲစခန်းဘက် သွားတာကို ရပ်ခိုင်းပြီး၊ အရှင်ဖမ်းတဲ့အချိန် သူက ဆိုင်ကယ်ကိုထားပြီး လက်ပစ်ဗုံးနဲ့ အရင်ပစ်ပြီး ထွက်ပြေးတာ၊ နောက်တလုံး စနက်တံဖြုတ်နေချိန်မှာ ပစ်လိုက်တာ ခေါင်းပွင့်သွားပြီး ပွဲချင်းပြီး သေသွားတာ။ ဒုဗိုလ်ဆိုတာက သူ့ဖုန်းထဲပါတဲ့ အချက်လက်တွေအရ သိတာပါ” လို့ TTA-PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

မောင်သိန်းဟာ ခရီးသွားကားလေးတွေကို တစီးကို ကျပ်ငါးသောင်း၊ တွဲကားတစီးကို ကျပ်ငါးသိန်း တောင်းယူတယ်လို့လည်း သူကဆက်ပြောပါတယ်။

ပုံစာ – သေဆုံးသူနှင့် ၎င်းဆီကသိမ်းဆည်းထားသည့် လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းနှင့်ငွေသားအချို့။

မောင်သိန်းဆီက လက်ပစ်ဗုံးတလုံး၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစီးနဲ့ ငွေသားအချို့ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

လက်ရှိသတင်းရေးသားချိန်အထိ မောင်သိန်းအလောင်းဟာ ​အဲဒီနေရာမှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ညနေ ၃ နာရီလောက်ကလည်း ကျောက်ပန်းတောင်းမြို့နယ် အနောက်ခြမ်း ကျားနေရိုင်းကျေးရွာမှာ အထိုင်ချရပ်နားနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို Taung Tha People Defense Force ရဲ့ TTA PDF Drone Team နဲ့ Ahnyar Myay Wings Drone တို့ပေါင်းကာ Drop Boom ၈ လုံးကြဲကာ တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။