31 July 2026 1:18 PM

⁩ ⁨ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ လူ ၅၀၀၀ ခန့်ရွှေ့ပြောင်းရ

0 9
0 9

■ ကယ်ဆယ်ရေးစခန်းတွေ မဖွင့်သေး

ပဲခူး၊ ဇူလိုင် ၃၁၊ ၂၀၂၆။

ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်ထက် တလက်မကျော်လာတာကြောင့် ​ပဲခူးမြို့အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်လာကာ လူဦးရေ ၅၀၀၀ ခန့်ရွှေ့ပြောင်းနေရပြီး၊ ကယ်ဆယ်ရေးစခန်းတွေ မဖွင့်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာတာကြောင့် မြစ်ကမ်းဘေးရှိ ဇိုင်းတောင်ရပ်ကွက်၊ ကျောက်ကြီးစု၊ ကလျာဏီနဲ့ ပဲခူးမြို့သစ်တွေအပါအဝင် ရပ်ကွက် ၆ ခုလောက်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေအမြင့်ပေ ၄ ပေ လော​က်ထိတက်လာလို့ နေအိမ်တွေမှာ နေထိုင်လို့မရတဲ့သူတွေ ရွေ့ပြောင်းရတာလို့ ဆိုပါတယ်။

ပုံစာ – ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ မြို့ပေါ်ရပ်ကွက်တွေအတွင်း မြစ်ရေဝင်ရောက်နေသည့် မြင်ကွင်းများ

“အနိမ့်နေရာတွေဆို ခါးလောက်ရှိနေပြီး အနည်းဆုံး ၃ ပေ၊ ၄ ပေလောက်ရှိနေပြီ။ ရေကတော့ ဝင်တာပဲ။ စိုးရိမ်ရေမှတ်ဆို ရပ်ကွက်အနိမ့်ပိုင်းတွေ ရောက်ပြီ၊ အိမ်ထောင်စု ၂၀၀၀ လောက်အနည်းဆုံးရွှေ့ရပြီ”လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

မြစ်ရေဝင်တာကြောင့် အနိမ်ပိုင်းရပ်ကွက်နေ ပြည်သူ ၅၀၀၀ ကျော်လောက်ဟာ မိမိအစီအစဥ်နဲ့ နီးစပ်ရာ ကုန်မြင့်ပိုင်းရှိ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွေ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ပုံစာ – ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ မြို့ပေါ်ရပ်ကွက်တွေအတွင်း မြစ်ရေဝင်ရောက်နေသည့် မြင်ကွင်းများ

လူဦးရေထောင်ချီပြောင်းရွေ့နေထိုင်ရပေမယ့် စစ်ကောင်စီခန့် ပဲခူးတိုင်းအစိုးရဘက်ကတော့ ရေဘေးကယ်ဆယ်ရေးစခန်း တရားဝင်ဖွင့်လှစ်တာ မရှိသေးသလို ရေဘေးရှောင်တွေအတွက် ကူညီထောက်ပံမှုတွေလည်း လတ်တလောမှာ လာရောက်ပေးကမ်းတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ဩဂုတ်လတွေအတွင်းမှာ ပဲခူး၊ တောင်ငူ၊ အုတ်တွင်းနဲ့ ထန်းတပင်မြို့နယ်တွေမှာ မြစ်ရေကြီးလို့ လူဦးရေ သိန်းချီရေဘေးရှောင်ခဲ့ရပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ မြို့ပေါ်ရပ်ကွက်တွေအတွင်း မြစ်ရေဝင်ရောက်နေသည့် မြင်ကွင်းများ
ပုံစာ – ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ မြို့ပေါ်ရပ်ကွက်တွေအတွင်း မြစ်ရေဝင်ရောက်နေသည့် မြင်ကွင်းများ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။