⁨ကင်းပုန်းဝပ်နေတဲ့ အထူးရဲနဲ့ ပျူတွေ သတင်းရလို့ PDF တပ်ဖွဲ့တွေပူးပေါင်းပြီး အလစ်အငိုက် ဝင်တိုက်ခိုက် ၄ ဦးသေဆုံး

0 3
0 3

ချောက်၊ ဇူလိုင် ၁၊ ၂၀၂၆

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနဲ့ ဂွေးချိုကျေးရွာလမ်းပိုင်ပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ အထူးရဲတွေနဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးတယ်လို့ သခင်ဖိုးလှကြီးစစ်ကြောင်းက ဇူလိုင်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ ခန့်မှာ မကွေးမြို့နယ်က အထူးရဲကွန်မန်ဒိုနဲ့ပြည်သူစစ် အင်အား ၃၀ ခန့်နဲ့ ကင်းပုန်းဝပ်နေချိန် သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အခုရဲတွေက ချောက်မြို့နယ်ထဲစစ်ကြောင်းထိုးနေတဲ့ အဖွဲ့တွေက ကာဗာယူပေးတဲ့သဘော ဒီဘက်ကအဖွဲ့တွေမလာနိုင်အောင် ကင်းပုန်းယူပေးတာ။ ပြန်ကားနီးရင် ကားတွေကိုပိုက်ဆံတောင်းပြန်တာမျိုး လုပ်နေကြတယ်။ သွားတိုက်တော့ မိနစ် ၃၀ လောက်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်နေချိန် ၄ ယောက်လောက်က ကျနော်တို့အဖွဲ့တွေရှိနေတဲ့ဘက်ပြေးတက်လာတာမှာ ဆီးပစ်တာ ၄ ယောက်စလုံးကျတာ”လို့ သခင်ဖိုးလှကြီးစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ မြဝတီစစ်ကော်မရှင်စစ်ဆေးရေးဂိတ်နဲ့ နီးကပ်တာကြောင့် အမြန်တိုက်ခိုက်ပြီးပြန်ဆုတ်လာရလို့ လက်နက်တွေတော့ မကောက်ယူနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

တိုက်ပွဲအတွင်း ရဲနဲ့ပြည်သူစစ် ၄ ဦးသေဆုံးပြီး ၇ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပြီး သခင်ဖိုးလှကြီးစစ်ကြောင်းအဖွဲ့ဝင်တွေကတော့ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သခင်ဖိုးလှကြီးစစ်ကြောင်းနဲ့ ချောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) အဖွဲ့တို့ ဦးဆောင်ပြီး ချောက်မြို့နယ် ပ.က.ဖ တပ်ဖွဲ့ဝင်များ၊ မကွေးခရိုင် ပကဖ တပ်ခွဲ-၁၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅ တို့နှင့်အတူ ဧရာဒေါင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မဟာမိတ်အဖွဲ့ ပူးပေါင်းကာ တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနဲ့ ချောက်မြို့ကြားမှာ ဂွေးပင်ရဲစခန်းမှူး လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီးစခန်းမှူးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း-ကျော်ကြီး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။