မြေလတ်အသံ၊ ဇွန် ၂၃ ၊ ၂၀၂၆ ။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဒီကနေ့ ဇွန် ၂၃ ရက် ညနေပိုင်းက စစ်တပ်ရဟတ်ယာဥ်တစီး ပျက်ကျခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေး Mi -17 ရဟတ်ယာဥ်တစီးဟာ မြိုင်မြို့နယ်အတွင်း ဖြတ်သန်းပျံသန်းစဥ် ဒီကနေ့ညနေ ၄ နာရီဝန်းကျင်မှာ မြိုင်မြို့နယ်၊ တွင်းမရွာအနီးပျက်ကျခဲ့တာလို့ ဆိုပါတယ်။
” ခု Y 12 အပေါ်မှာဝဲနေလို့ အခြေအနေမသိရသေးဘူး” လို့ မြိုင်PDF တဦးက မြေလတ်အသံကို ပြောပါတယ်။
ရဟတ်ယာဥ် ပျက်ကျသွားတဲ့နေရာအနီးက တွင်းမရွာဟာ စစ်တပ်နဲ့ပျူစောထီးတပ်ဖွဲ့တွေအထိုင်စခန်းချထားတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF ကတော့ မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစီးကို ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။
ရဟတ်ယာဥ်ပျက်ကျတဲ့ ဖြစ်စဥ်အသေးစိတ်နဲ့ ထိခိုက်သေဆုံးမှုတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။