အရာတော်နဲ့ ကနီမှာပြုလုပ်ခဲ့တဲ့ ဗကသ နှစ် ၉၀ ပြည့်အထိမ်းအမှတ်

0 5
0 5

မြေလတ်အသံ၊ မေ ၉၊ ၂၀၂၆။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှစ် ၉၀ ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ ကနီမြို့နယ်တွေမှာ မေလ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။

အရာတော်မြို့နယ်မှာကျင်းပတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်အခမ်းအနားကို မျိုးဆက်ဟောင်း ကျောင်းသားခေါင်းဆောင်တွေ၊ တာဝန်ထမ်းဆောင်ဆဲ မျိုးဆက်သစ်ကျောင်းသားတွေနဲ့ ဒေသတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေး တာဝန်ရှိသူတွေက တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို တက်ရောက်သူ ၁၀၀ ခန့်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဗကသခွပ်ဒေါင်းအလံတင်တာ၊ ဗကသအလံကို အလေးပြုတာ၊ မျိုးဆက်ဟောင်းနဲ့ တာဝန်ထမ်းဆောင်ဆဲ ကျောင်းသားတွေက အမှတ်တရ စကားပြောကြားတာ၊ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ် ၉၀ ပြည့် ထုတ်ပြန်ချက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာနဲ့ သမဂ္ဂသီချင်း သီဆိုဖျော်ဖြေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ဗကသများအဖွဲ့ချုပ် နှစ် ၉၀ ပြည့်အခမ်းအနားကို ကျင်းပခဲ့ပြီး ဒေသခံပြည်သူတွေနဲ့ ဒေသတွင်းကျောင်းသား ၁၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ အခမ်းအနား သမဂ္ဂအဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဗကသများအဖွဲ့ချုပ်က အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆန့်ကျင်သွားမှာဖြစ်ပြီး ညီညွတ်ရေးကို ရှေးရှုပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သူတို့ရဲ့ မေလ ၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်ပေါင်း ၉၀ ပြည့်အခမ်းအနားကို ကရင်နီဒေသနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ မှာလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သခင်ဗဟိန်း၊ သခင်အောင်ဆန်း စတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး ၁၉၃၆ ခုနှစ် မေလ ၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ဟာ အခုနှစ် မေလ ၈ ရက်မှာ နှစ်ပေါင်း ၉၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။