ရေခဲသေတ္တာမိန်းထုတ် အပူလွန်ကဲမီးလောင်ရာက နေအိမ် ၂ လုံးပျက်စီး

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်၊ ၅ လမ်းမှာ ရေခဲသေတ္တာ မိန်းထုတ်အပူလွန်ကဲမီးလောင်ရာမှ နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်မနက် ၁ နာရီဝန်းကျင်မှာ ကလျာဏီ ၅ လမ်းနေ ဒေါ်သိန်းသိန်းမာနေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

“ရေခဲသေတ္တာ ဝါယာရှော့ (110) ကနေပြီးတော့မီးထလောင်တာ။ အမေဖြစ်သူ အိမ်ပါပါသွားတာ။ အိမ်နှစ်လုံးကလည်းကပ်လျက်။ ခြံစည်းရိုးပဲ ခြားတယ်။ အိမ်တွေမှာကလည်း လူနည်းတော့ လူမထိဘူး”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မီးလောင်လို့ သစ်သားနေအိမ် ၂ လုံးနဲ့ အိမ်တွင်းပစ္စည်းတွေ အားလုံးမီးလောင်ပျက်စီးခဲ့ပြီး လူတွေကတော့ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မီးလောင်ခဲ့တဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် မီးလောင်ပြီးနာရီဝက်ကျော်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေက မိသားစုဝင် ၄ ဦးကတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၁၆ ရက်ကလည်း ပဲခူးမြို့၊ ကလျာဏီရပ်ကွက်က ဇေတဝန် ဘုန်းကြီးကျောင်းအတွင်းရှိ ၂ ထပ်ကျောင်းဆောင်မှာထားရှိတဲ့ လျှပ်စစ်မီတာပုံးကနေ အပူလွန်ကဲပြီး မီးလောင်လို့ ၂ ထပ်ကျောင်းဆောင် ၁ ဆောင်လုံး မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။