စလင်းမှာ မန်ကျည်းရွက်ခူးတဲ့အမျိုးသမီး မိုင်းထိပြီး ခြေထောက်ပြတ်

0 11
0 11

စလင်း၊ ဧပြီ ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စိဇွဲကျေးရွာအနီးမှာ မန်ကျည်းရွက်သွားခူးတဲ့ အမျိုးသမီး ၁ ဦးမိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းထိသူဟာ အသက် ၅၀ ကျော်အရွယ်ရှိသူ ဒေါ်မြင့်မြင့်ဝေ ဆိုသူဖြစ်ပြီး ဧပြီ ၂၂ ရက်မနက် ၁၀ နာရီခန့်မှာ ကျေးရွာအနောက်ဘက်ခြမ်းကိုသွားချိန် မိုင်းနင်းမိခဲ့တာလို့ဆိုပါတယ်။

“သူက မန်ကျည်းရွက်ခူးဖို့ ရွာအနောက်ဘက်ကိုသွားရင်းထိတာလို့တော့ သိရတယ်။ ဘယ်ဘက် ခြေကျင်းဝတ်အောက်ဘက်ကတော့ တော်တော်ဒဏ်ရာများတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဘယ်ခြေကျင်းဝတ်အောက်ပိုင်း ဒဏ်ရာပြင်းထန်လို့ ဖြတ်လိုက်ထားရကာ ဧပြီ ၂၄ ရက် ဒီမနက်ပိုင်းအထိ ဆေးကုသမှုဆက်လက်ခံယူနေရတယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်စလုံးက မိုင်းတွေလည်းထောင်ကြတာကြောင့် အခုနင်းမိတဲ့မိုင်းဟာ ဘယ်အဖွဲ့အစည်းဘက်ကထောင်တဲ့မိုင်းလဲဆိုတာ မသိရဘူးလို့ အထက်ပါ ကူညီဆောင်ရွက်ပေးခဲ့သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စလင်းမြို့နယ်၊ မြောင်းဘောင်ကျေးရွာအနီး တောစပ်မှာ ပျားဖွတ်သွားတဲ့ လင်မယား ၂ ဦး မိုင်းထိပြီး ဒဏ်ရာရခဲ့သေးတယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။