ဟုမ္မလင်းမှာ ကုန်ကားနဲ့ဆီတင်မော်တော် ၂၀ ကျော်မီးလောင်ပြီး လူ ၂ ဦးသေဆုံး

0 20
0 20

■ ဒီမနက်ထိမီးမငြှိမ်းနိုင်သေးဘဲ သေဆုံးသူလည်းထပ်တိုးနိုင်

ဟုမ္မလင်း၊ ဧပြီ ၂၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းမှာ မော်တော်နဲ့ ကုန်တင်ကားတွေမီးလောင်ပြီး လူ ၂ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၀ ရက်ညနေ ၆ နာရီမှာ မုံရွာဘက်ကနေ ခန္တီးဘက်ကိုလာတဲ့ကုန်တင်ယာဥ် ၁ စီးက ဆိပ်ကမ်းမှာကပ်ပြီး မော်တော်ပေါ် ကုန်တွေတင်ချိန်မှာ မီးလောင်မှုဖြစ်ပြီး ဘေးကမော်တော်တွေကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။

“ဆီတင်ရင်းမတ်တပ်လောင်တာလို့ ပြောကြတယ်။ ဒါပေမယ့် အမြန်ယာဥ်ကုန်ချိန်းရင်းလောင်တာ။ ဆီတွေပါလာတယ်ဆိုတော့ ဆီမော်တော်တွေလောင်တာဖြစ်သွားတာပေါ့။ မီးကအခုထိလောင်နေတုန်း”လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်တာကြောင့် ဆီတင်၊ လူတင်မော်တော် အစီးရေ ၂၀ ကျော်၊ ကုန်တင်ကား ၂ စီးမီးလောင်ပြီး လူ ၂ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရပြီး သေဆုံးသူအရေအတွက်ကလည်း ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဒီမီးလောင်မှုမှာ အရေအတွက်များပြီး ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်းအထိ လှေ ၆ စီး မီးလောင်နေသေးတာကြောင့် မီးသတ်တပ်ဖွဲ့တွေလည်း မီးငြှိမ်းနေကြကာ ထိခိုက်သေဆုံးသူနဲ့ ပျက်စီးမှုအရေအတွက်ကိုလည်း ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။