6 October 2026 12:21 AM

နိုင်ပွဲပျောက်နေတဲ့ ယူနိုက်တက် ရုန်းကန်ရဦးမယ့် အဝေးကွင်းပွဲစဉ် (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ အောက်တိုဘာ ၆၊ ၂၀၂၄။

ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ညမှာလည်း ခြေစွမ်းကောင်းပြသနေတဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ လူအင်အားဖြည့်တင်းမှုတွေ အတန်အသင့် လုပ်နိုင်ခဲ့သလို နည်းပြပိုင်းမှာလည်း ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းကို အားဖြည့်ခေါ်ယူထားပေမယ့် လက်ရှိအချိန်ထိ အလုပ်မဖြစ်သေးဘဲ ရုန်းကန်နေရဆဲပါ။

ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၁ ပွဲရှုံးပြီး ၃ ပွဲသရေကျခဲ့တဲ့ ယူနိုက်တက်တို့ ဒီနေ့ အက်စတွန်ဗီလာရဲ့အိမ်ကွင်း ဗီလာပါ့ခ်မှာလည်း ခက်ခက်ခဲခဲ ရုန်းကန်ရဦးမှာပါ။

အာဆင်နယ်ကိုရှုံးထားပြီး အစ်ပ်ဆွစ်တောင်းကိုသရေကျတာကလွဲရင် ပြိုင်ပွဲစုံနိုင်ပွဲရယူထားနိုင်တဲ့ အက်စတွန်ဗီလာကတော့ ဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းတွေ၊ တိုက်စစ်မှူး ဝက်ကင်းစ်ရဲ့ သွင်းဂိုးတွေနဲ့အတူ နည်းပြ အူနိုင်းအမ်မရီ လက်အောက်မှာ တောက်လျှောက်ပုံစံကောင်းပြသခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ကတော့ တိုက်စစ်မှူးသစ် ဇာ့ခ်ဇီးရဲ့ ဂိုးသွင်းမသေချာမှုကြောင့် ထိုက်သင့်တဲ့ရလဒ်တွေ မရခဲ့တဲ့အပြင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်ရဲ့ ဒီရာသီ မတည်ငြိမ်မှု၊ အလောတကြီး ဖျက်ထုတ်မှုတွေကြောင့် ၂ ပွဲဆက်တိုက် အနီကဒ်ပြခံရတာတွေကလည်း အသင်းကို နစ်နာစေခဲ့တာပါ။

စပါးနဲ့ပွဲမှာ အနီကဒ်ပြခံခဲ့ရပေမယ့် အယူခံအောင်မြင်ခဲ့တာကြောင့် ဒီပွဲမှာ အသင်းခေါင်းဆောင် ဘရူနို ပြန်လည်ပါဝင်နိုင်မှာဖြစ်သလို တိုက်စစ်မှူး ဟွိုက်လန်း ပါဝင်လာခဲ့ရင်တော့ ပိုမိုကောင်းမွန်တဲ့ရလဒ် ဖော်ဆောင်နိုင်ဖွယ်ရှိနေပြီး ခံစစ်ပိုင်းက ပိုမိုကျစ်လစ်ပြီး ပေးဂိုးတွေ အလွယ်တကူခွင့်မပြုရဖို့လည်း အထူးသတိထားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် ယှဉ်ပြိုင်မယ့်ဒီပွဲမှာ ဗီလာတို့ အိမ်ကွင်းအမှတ်ပြည့် ရယူနိုင်မလား ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ယူနိုက်တက်ကပဲ နိုင်ပွဲပြန်လည်ရှာဖွေသွားနိုင်မလားဆိုတာကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်မှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။