လာမယ့်ဒီဇင်ဘာမှာ နောက်တပွဲထိုးသတ်သွားမယ့် ဗန်

0 11
0 11

မြေလတ်အသံ၊ အောက်တိုဘာ ၈၊ ၂၀၂၄။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဒီနှစ်မကုန်ခင်မှာ နောက်တပွဲထိုးသတ်သွားဖို့ရှိကြောင်း အသိပေးထားတဲ့ ဗန်ကတော့ လာမယ့်ဒီဇင်ဘာလမှာ  နောက်ထပ်တပွဲထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ 

UFC အဆင့်သတ်မှတ်ချက်ထဲက ဆူမူဒါချီ၊ အူလန်ဗက်ကော့တို့နဲ့ ပွဲပျက်ခဲ့ရတဲ့ ဗန်အတွက် ဒီတခါပြိုင်ဘက်ကတော့ သူကိုယ်တိုင်စိန်ခေါ်ထားတဲ့ ကိုဒီဒါဒန်ဖြစ်ပြီး UFC အဆင့်သတ်မှတ်ချက်မှာ ဖလိုင်းဝိတ်တန်းရဲ့အဆင့် ၁၃ နေရာမှာရှိနေတဲ့ကစားသမားလည်း ဖြစ်ပါတယ်။ 

UFC ကလိုအပ်လာရင် လူစားဝင်ထိုးပေးဖို့အသင့်ရှိနေတတ်တဲ့ ဗန်အတွက် ၂၀၂၄ ကုန်ခါနီးမှာ အဆင့်သတ်မှတ်ချက်ဝင်အောင်ကြိုးစားချင်နေတဲ့ဆန္ဒကို UFC ကဖြည့်ဆည်ပေးလိုက်သလိုလည်းဖြစ်ပြီး ဒီပွဲနိုင်ရင် ဗန်ရဲ့ ချန်ပီယံခါးပတ်အနားက ကစားသမားအိပ်မက်အကောင်အထည်ပေါ်လာမှာလည်း သေချာပါတယ်။ 

ဗန်ဟာ ၂၀၂၄ ခုနှစ်အတွင်း နှစ်ပွဲနိုင် တပွဲရှုံးထားပြီး ပွဲစဉ်တွေခဏခဏပျက်တဲ့ကြားကပဲ လေးပွဲမြောက်ပွဲကို ထိုးသတ်ရတော့မှာဖြစ်ကာ UFC ရဲ့အဆင့်သတ်မှတ်ချက် အမြင့်ပိုင်းထဲကိုဝင်ဖို့ အခွင့်အလမ်းကောင်းတခုကိုရရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဗန်ရဲ့ ပြိုင်ဘက်ကို ဒီဒါဒန်ကတော့ အသက် ၃၃ အရွယ်ဝါရင့်ဖိုက်တာတဦးဖြစ်ပြီး UFC ဖလိုင်းဝိတ်တန်းအဆင့်သတ်မှတ်ချက် ၁၃ မှာရှိနေတဲ့ကစားသမားပီပီ ထိုးသတ်ပုံကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ညာလက်သီးတပေါက်ကတော့ အားပါပြင်းထန်ကာ ဗန်ပထမဆုံးရှုံးနိမ့်ဖူးတဲ့ချားလ်ဂျွန်ဆင်ကိုအနိုင်ယူထားဖူးသူ ဖြစ်ပါတယ်။ ဗန်နဲ့ ကိုဒီဒါဒန်တို့ဟာ အပြန်အလှန်စိန်ခေါ်မှုတွေရှိခဲ့ပြီး ပွဲတကယ်ဖြစ်ခဲ့ပြီဖြစ်ကာ ဗန်ရဲ့ပွဲတွေကိုမျှော်နေတဲ့ပရိသတ်တွေအတွက်တော့ လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့် UFC 310 မှာပွဲကောင်းတပွဲကို ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit – UFC

#Myaelatt #UFC30 #CodyDurden #thefearless #အားကစား #လက်ဝှေ့

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။