ပေါက်မှာ ဗုံးကြဲလို့ သက်ကြီးပိုင်းပြည်သူ ၂ ဦးသေဆုံး

0 14
0 14

ပေါက်၊ ဧပြီ ၁၇၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲကျေးရွာကို စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၁၆ ရက်နေ့လယ် ၂ နာရီကျော်မှာ ဂျက်ဖိုက်တာတစီးဟာ ဝန်လဲရွာကို ပေါင် ၅၀၀ ဗုံးသီး ၁ လုံး၊ ရော့ကက် ၃ လုံးကြဲချပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဗုံးက ရွာလယ်ခေါင်တည့်တည့်ကိုကျတာ။ ဘာပွဲမှလုပ်တာမရှိဘူး။ ဘာသတင်းကြားပြီး ကြဲတာလဲတော့ မသိဘူး။ တခါတည်းသေသွားတာက ၂ ယောက်။ လေကြောင်းကြဲခံရပြီးတော့ ရွာခံတွေရှောင်ရတာရှိတယ်။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၆၂ အရွယ် ဒေါ်တင်ကြည်နဲ့ အသက် ၆၀ ဦးဌေးဝင်းတို့ နေရာမှာတင်သေဆုံးသွားပြီး အသက် ၁၇ နှစ်အရွယ် မခင်မိုးသက်၊ အသက် ၅၀ ကျော်အရွယ် ဦးဘိုဝင်း၊ ဦးမောင်လွင်၊ အသက် ၅၆ နှစ်အရွယ် ဦးသန်းမောင် အသက် ၄၀ အရွယ် ဦးဇော်နိုင်ထွန်း၊ အသက် ၄၈ နှစ်အရွယ် ဒေါ်စန်းစန်းနိုင်၊ အသက် ၄၀ အရွယ် ဒေါ်စန်းမြင့်ဌေး၊ အသက် ၁၈ နှစ်အရွယ် မပြည့်ဖူးခိုင်တို့မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၁၅ လုံးပျက်စီးပြီး နွား ၅ ကောင်နဲ့ဝက် ၃ ကောင်လည်းသေဆုံးပြီး ဒေသခံတွေလည်း ယာယီတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ဩဂုတ် ၂၂ ရက်ကလည်း ပေါက်မြို့နယ်၊ ဆယ်ဝကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ရွာခံ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။