နဘက်ရွာဗုံးကြဲခံရလို့ ကလေး ၁ ဦး သေဆုံး

0 11
0 11

မြောင်၊ ဧပြီ ၄၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကျေးရွာကို ဗုံးကြဲခံရပြီး မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး မိဘ ၂ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၃ ရက်ညနေ ၄ နာရီခန့်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ကျေးရွာထဲကို ဗုံး ၈ လုံးကြဲချရာ ရွာစာသင်ကျောင်းဟောင်း အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အရင်တခါ ဗုံးချခံရပြီး နေ့ရောညရော အဲ့ရွာကရှောင်နေကြတာ မနက်ကထိ ဆိုင်တွေလည်း အကုန်ပိတ်ထားတာ။ ညနေလောက်ရောက်တော့ အများစုက ပြန်ဝင်နေကြပြီ။ ဆိုင်တွေက ဖွင့်ထားလို့ ဈေးတောင်ဝယ်ခဲ့သေးတာ။ ဆံပင်ညှပ်မလို့ဟာ လေယဉ်ဝဲနေတာနဲ့ မညှပ်ဘဲ ပြန်လာလိုက်တာ။ ခဏနေတော့ ဗုံးကြဲသွားတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် နဘတ်ရွာစာသင်ကျောင်းအနီးနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၄၀ ကျော်အရွယ် မိဘ ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာစာသင်ကျောင်းအနီးရှိ နေအိမ် ၃ လုံးထက်မနည်းပျက်စီးပြီး ဒေသခံတွေလည်းထပ်မံ တိမ်းရှောင်နေကြတယ်လို့ အထက်ပါကျေးရွာနဲ့နီးစပ်သူက ပြောပါတယ်။

မတ်လ ၂၀ ရက်ကလည်း မြောင်မြို့နယ်၊ နဘက်ရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ရက်သားကလေးငယ်အပါအဝင် ၃ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။