ပွင့်ဖြူမှာ ၃ ရက်အတွင်းမိုင်းထိလို့ ပြည်သူ ၂ ဦးခြေထောက်ပြတ်

0 0
0 0

ပွင့်ဖြူ၊ ဧပြီ ၁၊ ၂၀၂၆။

မကွေးတိုင်း၊ ပွင့်ဖြူမြိုနယ်၊ ကနီကျေးရွာနဲ့လယ်မကျေးရွာမှာ ၃ ရက်အတွင်းမိုင်းထိခဲ့တာကြောင့် ပြည်သူ ၂ ဦးခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကနီကျေးရွာနေ အသက် ၃၀ အရွယ် ကိုအောင်ဝင်းဟာ မတ်လ ၂၉ ရက် နေ့လယ်ပိုင်းမှာ ကျေးရွာအနီး တောစပ်ကိုထင်းခုတ်သွားချိန် မိုင်းထိခဲ့ပြီး လယ်မကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မနှင်းထက်ထက်လှိုင်ကတော့ မတ်လ ၃၁ ရက်မနက် ၇ နာရီမှာ ကျေးရွာနဲ့ ၁ မိုင်အကွာတောစပ်ကို ထင်းခုတ်သွားချိန် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“ကိုအောင်ဝင်းကတောစပ်မှာ ခြေထောက်ကိုထိတာ။ ခြေထောက် ၁ ဖက်ကြေသွားတယ်။ သူကတောဘက်ကိုထင်းခွေသွားရာမှာ ထိတာ။ အဲ့ဘက်မှာ မိုင်းကွင်းတွေဘာတွေရှိတယ်။ လယ်မမှာလည်း မိုင်းထိတာဟုတ်တယ်။ အတည်ပြုလို့ရတယ်။ တောထဲသွားတာမှာထိတာ။ “လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါမိုင်းထိတဲ့နေရာတွေမှာ ယခင်ကတော်လှန်ရေးတပ်တွေလှုပ်ရှားချိန် စစ်ရေးအခြေအနေအရမိုင်းထောင်ကာ ကန့်သတ်နေရာတွေသတ်မှတ်တာတွေရှိခဲ့ပြီး အခုပေါက်ကွဲတဲ့မိုင်းတွေဟာ ပြန်ဖြုတ်ဖို့ကျန်ခဲ့တဲ့မိုင်းတွေဖြစ်နိုင်တယ်လို့လည်း အထက်ပါဒေသခံက ခန့်မှန်းပါတယ်။

မိုင်းထိလို့ ကိုအောင်ဝင်းရဲ့ ညာဘက်ခြေဖဝါးနဲ့ မနှင်းထက်ထက်အောင်မှာ ဘယ်ဘက်ခြေဖဝါးကြေသွားခဲ့ပြီး ၂ ဦးစလုံးကိုတော့ မကွေးပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စလင်းမြို့နယ်၊ မြောင်းဘောင်ကျေးရွာအနီး တောစပ်မှာ ပျားဖွတ်သွားတဲ့ လင်မယား ၂ ဦး မိုင်းထိလို့ ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။