တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) NUG အစိုးရလက်အောက်တပ်အဖြစ် ရပ်တည်

0 8
0 8

မြေလတ်အသံ၊ မတ် ၂၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးမြို့နယ်အတွင်းစစ်ရေးလှုပ်ရှားနေတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်-NLA အနေနဲ့ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

NUG အစိုးရလက်အောက် တပ်ရင်းတွေအဖြစ် ကွပ်ကဲမှုခံယူပွဲကို မတ်လ ၂၀ ရက်မှာ တမူးမြို့နယ်အတွင်းပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုတာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်တံဆိပ်တွေ အပ်နှင်းတပ်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NLA တပ်ဟာ ၂၀၂၁ ဩဂုတ် ၂၃ ရက်မှာ Myanmar Federal Army (MFA) အမည်နဲ့ ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ မတ်လ ၅ ရက်မှာ စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကာ လက်ရှိမှာ PDF တပ်ရင်းတွေအဖြစ် ဆက်လက်တိုက်ပွဲဝင်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ကွပ်ကဲမှု‌အောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များတွေအနေနဲ့ ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ရန် ဖြစ်‌စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်‌စေ အစဉ်အမြဲ ကြိုဆိုနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။