myaelatt athan

Sharing Information to the Local

ဧပြီနဲ့မေလအတွင်း လေပြင်းတိုက်မိုးထစ်ချုန်းရွာနိုင်လို့ မိုးဇလသတိပေး

မြေလတ်အသံ၊ ဧပြီ ၁၊ ၂၀၂၅။

ငလျင်ဒဏ်သင့်မြန်မာနိုင်ငံမှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ စတဲ့မိုးလေဝသဖြစ်စဥ်တွေဖြစ်လာနိုင်တဲ့အတွက် သတိထားကြဖို့ ဧပြီ ၁ ရက်ဒီနေ့မှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့နွေဦးကာလတွေဖြစ်တဲ့ ဧပြီနဲ့မေလအတွင်းမှာ နေ့အပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရာက အပူပျံတက်တိမ်တွေဖြစ်ပြီး မွန်းလွဲနဲ့ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာတော့ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်း နဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေကြတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လေပြင်တိုက်ခတ်ချိန်မှာလည်း မြေပြင်နဲ့ရေပြင်တွေမှာ ၁ နာရီကို မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အထက်ပါမိုးလေဝသဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အထူးဂရုပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ ရေကြောင်းခရီးစဥ်တွေကို ကြိုတင်သတိပြုဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် မိုးဇလရဲ့ ဒီညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာနေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ရွာရန်ရွာနှုန်း ၈၀ ရှိတယ်လို့ဆိုထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။