ကောလင်းမှာ လေကြောင်းကတိုက်ခိုက်လို့ ကိုယ်ဝန်သည်အပါ အမျိုးသမီး ၂ ဦးသေဆုံး

0 10
0 10

ကောလင်း၊ မတ် ၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ကချင်ကုန်းရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးအပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၅ ရက် မနေ့ကညနေ ၄ နာရီ ၄၀ မိနစ်မှာ စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဂျက်ဖိုက်တာနဲ့ ရွှေဘို- မြစ်ကြီနား ကားလမ်းဘေးရှိ ကချင်ကုန်းရွာကို ဗုံးကြဲချိန် အမျိုးသား ၁ ဦးဒဏ်ရာရပြီး ဆိုင်ကယ်နဲ့စျေးရောင်းနေတဲ့ အသက် ၄၀‌ အရွယ်ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

” (ကိုယ်ဝန်သည်အမျိုးသမီးကို) ဆေးမကုလိုက်ရဘူး။ လမ်းမှာတင်သေသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

‌အဲ့ဒီဂျက်ဖိုက်တာဟာ ကချင်ကုန်းရွာကိုဗုံးကြဲပြီးနောက် ရှောက်ပင်ချုံရွာဘုန်းကြီး ကျောင်းကိုလည်း သုံးကြိမ်ဗုံးကြဲရာ ကျောင်းစောင့်လင်မယားကို ဗုံးစထိမှန်ခဲ့ပြီး ၄၀ ကျော်အရွယ်အမျိုးသမီးဖြစ်သူဟာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်‌ကလည်း စစ်ကော်မရှင်တပ်က ပင်လည်ဘူးမြို့နယ်တောင်ခြမ်းရှိ လိပ္ပုတ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – MG

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။