တောင်သာမှာ စစ်ကြောင်းထိုးမီးရှို့လို့ နေအိမ် ၁၆ လုံးကျော်ပျက်စီး

0 0
0 0

တောင်သာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာတွေကို စစ်ကော်မရှင်စစ်ကြောင်းက စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီခန့်မှာ တောင်သာမြို့ပေါ်ကနေ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဟာ လက်သဲကျင်ရွာကို ဝင်ရောက်မီးရှို့ကာ အဲ့ဒီကတဆင့် ညနေ ၄ နာရီခန့်မှာ ညောင်ဒိုရွာကို စစ်ကြောင်းထိုးတပ်စွဲခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်မနက် ၆ နာရီလောက်မှာ ရွာထဲကနေအိမ်တွေကိုမီးရှို့ပြီး ခြုံကြီးရွာကို ဆက်သွားတယ်လို့ ဆိုပါတယ်။

“သူတို့လာတာနဲ့ ဒေသခံတွေက ရွာထဲမနေတော့ဘူး။ ရွာထဲလူမရှိတော့မှ ရှို့တာ။ ဒီမနက်တော့ ညောင်ဒိုကိုဆက်ရှို့သွားတယ်။ စစ်ကြောင်းက ခြုံကြီးထဲတော့ရောက်နေပြီး မီးမရှို့သေးဘူး”လို့ တောင်သာမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

မီးရှို့ခံရတာကြောင့် လက်သဲကျင်ကျေးရွာက အနည်းဆုံး နေအိမ် ၂ လုံး၊ ညောင်ဒိုကျေးရွာက နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်မီးရှို့နေတာကြောင့် အိမ်ခြေ ၂၀၀ ကနေ ၁,၀၀၀ ကြားရှိတဲ့ လက်သဲကျင်၊ ညောင်ဒို၊ ခြုံကြီး၊ ကျွန်းရွာလေးကျေးရွာတွေက ဒေသခံ ၆,၀၀၀ ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကလည်း တောင်သာမြို့နယ်၊ ပဲလင်းကျော်ကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ နေအိမ်နဲ့ဘုန်ကြီးကျောင်းအပါအဝင် အဆောက်အဦ ၅၀ ကျော် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။