ဝက်လက်မှာ စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသား အပါ ၂ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ဇွန်လ ၁၆ ရက် တရက်တည်းမှာတင် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူအပါ ၂ ဦး သေဆုံးခဲ့တယ် လို့ ဝက်လက် ပကဖအဖွဲ့ဆီက သိရပါတယ်။

၁၆ ရက်မနက်ပိုင်းက ဝက်လက်မြို့အနောက်ဘက်၊ မူးဆည်ဘောင်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် သခွတ္တောရွာမမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲမော် ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ ညနေပိုင်းမှာတော့ လှတောရွာဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က အသက် ၂၃ နှစ်အရွယ် ကိုထက်ဝေစိုးကို ထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

“နှစ်ဦးစလုံးက နှမ်းခင်းထဲ အလုပ်လုပ်နေရင်း စစ်တပ်က ရမ်းပစ်တဲ့ကျည်နဲ့ သေဆုံးရတာ။ ကိုရဲမော်က နေရာတင်သေတာ၊ ထက်ဝေစိုးက ည ၁၂ နာရီလောက်မှာသေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သူတို့ ၂ ဦးဟာ သခွတ္တောရွာမှာ နေထိုင်သူတွေဖြစ်ကာ ကိုရဲမော်က ရွာအနောက်ဘက်ရှိ နှမ်းခင်းမှာ ကျည်ထိမှန်ခဲ့တာဖြစ်ပြိး ကိုထက်ဝေစိုးကတော့ ရွာတောင်ဘက်ရှိ နှမ်းခမ်းတခုမှာ ရှိနေချိန် ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။

ကိုထက်ဝေစိုးရဲ့ ဖခင်က သခွတ္တောရွာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး လက်ရှိရွာမှာမနေဘဲ ဝက်လက်မြို့ပေါ်က ဝန်ထမ်းအိမ်ရာတခုမှာ နေထိုင်နေတာလို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဇွန်လ ၁၇ ရက် မနေ့ကမနက် ၉ နာရီမှာ ကိုရဲမော်ရဲ့အလောင်းကို မြေမြှုပ်သဂြိုဟ်ပြီး ၁၁ နာရီလောက်မှာတော့ ကိုထက်ဝေစိုးရဲ့အလောင်းကို မီးသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လဝန်းကျင်ကလည်း သခွတ္တောရွာတောင်ပိုင်းက နေအိမ် ၂၀ ကိုစစ်တပ်ကမီးရှို့လို့ ပြာကျပျက်စီးခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။