PDF ရဲဘော် ၃ ဦးသေဆုံးခြင်း ၁ လပြည့် အခမ်းအနားပြုလုပ်

0 1
0 1

မကွေး၊ ဇွန် ၁၁၊ ၂၀၂၃။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောစခန်းသိမ်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ မကွေးခရိုင် အမှတ်-၁ တပ်ရင်း PDF Magway District မှ ရဲဘော် ၃ ဦးအတွက် သေဆုံးခြင်း ၁ လပြည့်အထိမ်းအမှတ်ကို ဇွန်လ ၁၀ ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မကွေးနယ်အတွင်းမှာ ညနေ ၅ နာရီလောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး လွမ်းသူပန်းခွေချကာ အလေးပြုခဲ့ကြတယ်လို့ မကွေးခရိုင် အမှတ် – ၁ တပ်ရင်း PDF Magway District မှ တပ်ရင်းမှူး ဗိုလ်သိုက်ထွန်းက ပြောပါတယ်။

“တလပြည့်မှာ တပ်ရင်းရုံးက အရာရှိတွေအလုပ်နားပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေ‌တွေ ချခဲ့တယ်၊ ကျနော်တို့မရောက်ခင်မှာပဲ ဒေသခံလူထုကနေ သူတို့ဟာသူတို့အစီအစဉ်နဲ့ လုပ်သွားခဲ့တာလည်း ရှိတယ်၊ ကျနော်တို့က ညနေပိုင်းမှာ လုပ်ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

သေဆုံးရဲဘော် ကီပါ ၂၇ နှစ်၊ ရဲဘော် ရာဇာ ၁၇ နှစ် နဲ့ ရဲဘော် ခွန်းသာ ၁၉ နှစ်တို့အတွက် ဒီအခမ်းအနားကိုပြုလုပ်ခဲ့တာဖြစ်ပြီး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကတော့ မလာရောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ရဲဘော်မိသားစုဝင်တွေ တက်ရောက်နိုင်ခြင်းမရှိဘူး၊ မိုးရာသီဖြစ်လို့ ချောင်းတွေကျနေတာကြောင့် တခြားအဖွဲ့အစည်းတွေမခေါ်ပဲ လုပ်လိုက်တာ” လို့ ဗိုလ်သိုက်ထွန်းက ဆက်ပြောပါတယ်။

အဆိုပါရဲဘော် ၃ ဦးဟာ အခုနှစ် မေလ ၁၀ ရက်မှာ စလင်းမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ သရက်တောစခန်းကိုသိမ်းဖို့ တိုက်ခိုက်နေချိန်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်တာအတွင်းမှာ မကွေးခရိုင် အမှတ်-၁ တပ်ရင်း PDF Magway District က ရဲဘော် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။