မြောင်မှာ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မရွာကထွက်လာတဲ့ စစ်သားနဲ့ပျူစာထီးအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက် ဒီမနက် ၆ နာရီလောက်မှာ အင်အား ၆၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်အုပ်စုကို မြစံကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ချိန် ၁၅ မိနစ်လောက် ကြာခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း(၄) မှ ပြန်ကြားရေးတာဝန်ခံ မလွင်ဂူး က ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)စခန်းနဲ့ ပရိမ္မရွာက တမိုင်ဝန်းကျင်လောက်ပဲရှိတော့ မကြာခဏရွာထဲကိုဝင်ပြီး မီးရှို့တာတွေ လုပ်နေကျ၊ ဒီတခေါက်ကတော့ ရွာထဲဝင်ပြီး ဘာမှမလုပ်ဘဲ ​ထွက်လာတာ။ ရွာသားတွေကတော့ ထွက်ပြေးကြတာပေါ့။ ဒီနေ့ပစ်ခတ်မှုမှာ စကစတွေရဲ့ ထိခိုက်သေဆုံးမှုကို အတွင်းသတင်းကနေ ကြားသိရတာပါ” လို့ ပြောပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှာ စခန်းချနေတာဖြစ်ပြီး ပရိမ္မရွာကနေ ကျောက်ရစ်ရွာကို ပြန်လာချိန် လမ်းမှာတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း − MSPDF၊ မိထ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း -MHLG PDF တပ်ဖွဲ့နဲ့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း NRDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

MSPDF တပ်ဖွဲ့ဟာ ဇွန်လ ၂ ရက်နေ့ကလည်း ပခုက္ကူခရိုင်၊ အင်ပင်ကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။