တိုက်ပွဲအပြီး ပျောက်ဆုံးခဲ့တဲ့ PDF ၂ ဦးကို ၂ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့

0 2
0 2

စစ်ကိုင်း၊ ဇွန် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာအနီး ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပျောက်ဆုံးခဲ့တဲ့ PDF ရဲဘော် ၂ ဦးကို ဇွန်လ ၆ ရက်မနေ့မနက်ပိုင်းက သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ စစ်ကိုင်းခရိုင်တပ်ရင်း – ၃မှ ဒုတပ်စိပ်မှူး နိုင်းနိုင်းနဲ့ ရဲဘော်သာဒင်တို့ဖြစ်ပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတခုနဲ့ တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာချိန်မှာ သူတို့ ၂ ဦး ပျောက်ဆုံးပြီး ကျန်ခဲ့ကြတာလို့ မြေပြင်မှရဲဘော်တဦးက ပြောပါတယ်။

“တိုက်ပွဲပြီးလို့ ပြန်ဆုတ်တဲ့အခါမှာ ဒီရဲဘော်နှစ်ယောက်က လူစုကွဲပြီးကျန်ခဲ့တာ။ သူတို့က နယ်ခံတွေလည်း မဟုတ်ကြဘူး။ စကစတွေက ရဲဘော်တွေကိုအရှင်ဖမ်းမိပြီးတော့ သတ်သွားတာ။ သူတို့ရဲ့အလောင်း Body မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်”လို့ ဆိုပါတယ်။

အဲ့ဒီရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကို တလိုင်းကျေးရွာအနီးက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဝန်းကျင်မှာ မနေ့က တွေ့ရှိခဲ့တာဖြစ်ပြီး၊ အဲ့ဒီနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

အဆိုပါရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ လက်ရှိမှာ ပဒူကျေးရွာနဲ့ တောင်ရင်းကျေးရွာ၂ ရွာမှာ အင်အားအသီးသီးခွဲပြီး တပ်စွဲနေရာယူထားကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။